Preview

ABSDF အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားသို့AA အပါအဝင်မဟာမိတ်အဖွဲ့အစည်းများ တက်ရောက်

လူထက်နိုင် | ဇူလိုင် ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :654
ပြည်တွင်း သတင်း

နိရဥ္ဇရာ၊ ဇူလိုင် ၁ /၂၀၂၅‎

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မြန်မာပြည်မြောက်ပိုင်း  အမှတ်-၂ စစ်ကြောင်းအမှတ်စဉ်၁/၂၀၂၅၊အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို တော်လှန်ရေးနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ  အာရက္ခတပ်တော်ULA/AA  အပါအဝင် မဟာမိတ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၎င်းသင်တန်းဆင်းပွဲအခမ်းအနားကိုဇွန်လ၊၂၅ရက်၊၂၀၂၅ခုနှစ်မနက်ပိုင်းတွင်အမှတ်-၂စစ်ကြောင်းအခြေခံစစ်ပညာသင်တန်းဌာနတွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

blob
ABSDF

 “အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ABSDF မှဒု-ဥက္ကဌ၊မဟာမိတ်အဖွဲ့စည်းများဖြစ်ကြသောအာရက္ခတပ်တော်ULA/AA မှတပ်မှူးများ၊KIO/KIA မှအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)မှအရာရှိကြီးများ၊ကျောက်ဆည်ခရိုင်အမှတ်(၃)တပ်ရင်းမှတပ်မှူးများ၊ABSDF အမှတ်-၂စစ်ကြောင်းအပတ်စဉ်(၂) ဆေးသင်တန်းသူ၊သင်တန်းသားများ၊အပတ်စဉ် (၁၀)အခြေခံစစ်ပညာသင်တန်းသားများနှင့်မိဘပြည်သူများတက်‌ရောက်ခဲ့ကြပါသည်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

သက်ဆိုင်ရာမဟာမိတ်အဖွဲ့စည်းအသီးသီးရှိခေါင်းဆောင်များမှအားပေးစကားပြောကြားခြင်းနှင့် အတူ ထူးချွန်ဆုရသင်တန်းသူ၊သင်တန်းသားများကိုလည်းဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

အခမ်းအနားအစီစဉ်အားမကဒတအလံတော်နှင့်ကျဆုံးရဲဘော်များအားအလေးပြုခြင်း၊ "အရေးကြီးပြီ”သီချင်းသံပြိုင်သီဆိုခြင်းဖြင့်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

blob
ABSDF 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.