Preview

ကော့စ်ဘဇားကူတူပါလောင်ဒုက္ခသည်စခန်းမှအမျိုးသမီး ၂ ဦးထံက ယာဘာဆေးပြား ၉သောင်းနှင့် လူငယ်တစ်ဦးထံက ဆေးပြား ၁၂၀၀၀၀ ဖမ်းဆီးရမိ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၂/ ၂၀၂၅ | ကြည့်ရှုသူ :524
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂/ ၂၀၂၅

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ရှိ ကူတူပါလောင်မွတ်ဆလင် ဒုက္ခသည်စခန်းတွင်နေထိုင်သူအမျိုးသမီး ၂ ဦးထံမှ ယာဘာဆေးပြား ၉သောင်းနှင့် လူငယ်တစ်ဦးထံမှ ဆေးပြား ၁၂၀၀၀၀ ဖမ်းဆီးရမိကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသတွင်းက မီဒီယာများတွင် သတင်းဖော်ပြသည်။

ဇွန် ၂၆ ရက် ကြာသပတေးနေ့က ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်အတွင်း စီးနင်းမှု တစ်ခုအတွင်း အဆိုပါ အမျိုးသမီး ၂ ဦးထံမှ ယာဘာစိတ်ကြွဆေးပြား (၉၀၀၀၀) ဖမ်းမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးမှာ မြန်မာနိုင်ငံမှ ဖြစ်ကြပြီး ကွယ်လွန်သွားပြီဖြစ်သည့် Khairul Bashar ဇနီးဖြစ်သူ  Golzahar (၃၃) နှစ်နှင့် Kamal Hossain ၏ ဇနီးဖြစ်သူ  Kulchuma (၂၉) နှစ်တို့ဖြစ်ကြပြီး ကူတူပါလောင်မွတ်ဆလင် ဒုက္ခသည်စခန်း၊ Block (စီ)မှ ဖြစ်ကြသည်ဟု ဘင်ဒရိုဘင် နယူးစ်တွင် သတင်းဖော်ပြထားသည်။

အဆိုပါအမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏အိတ်များထဲတွင်ယာဘားဆေးပြားကို ထည့်ပြီး သူတို့နှင့်အတူ နယ်စပ်ဖြတ်ကျော်ပြီးယူဆောင်ချိန်တွင် ယာဘဆေးပြား ၉၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်ဟုကော့စ်ဘဇားအခြေစိုက်အမှတ် (34)BGB တပ်မှူး ဒုဗိုလ်မှူးကြီး SM Khairul Alam က ပြောကြားသည်။

ယခုလို စီးနင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

blob
blob
အလားတူ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း မွတ်ဆလင် ဒုက္ခသည်တစ်ဦးဖြစ်သူ  Md.Shahid (၁၉ နှစ်) ထံမှယာဘာစိတ်ကြွဆေးပြား တစ်သိန်းနှစ်သောင်းကိုဖမ်းမိခဲ့သည်ဟု သိရသည်။

မြန်မာနယ်စပ်အနီးရှိ နတ်ကျောက်ဆရီမြို့နယ်၊ခေါင်းတုံးတိုက်နယ်၊ Jamal Ghe ဧရိယာတွင် ၎င်းလူငယ်အားစိတ်ကြွဆေးပြား (၁၂၀၀၀၀) နှင့် အတူ ဖမ်းဆီးရမိပြီး ဖမ်းဆီးခံရသူ Shahid သည်

Hossain Ahmed ၏သားဖြစ်ပြီးအိုကီးယားမြို့နယ်ဒုက္ခသည်စခန်းအမှတ်(၈)၊ Block (B)(၇၄)တွင်နေထိုင်သူဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် အထူးအဖွဲ့တစ်ဖွဲ့သည် လျှို့ဝှက်သတင်းအချက်အလက်များကိုအခြေခံ၍ အဆိုပါဧရိယာအတွင်း ဝင်ရောက်စီးနင်းမှုပြုလုပ်နေချိန်တွင် Shahid သည် ၎င်း၏ပခုံးပေါ်၌ အိတ်တစ်လုံးကို သယ်ဆောင်ကာ နယ်စပ်ဖြတ်ကျော်ကာဝင်ရောက်လာခဲ့ကြောင်း၊  နယ်ခြားစောင့်တပ်ဖွဲ့  BGB အဖွဲ့ဝင်များကစစ်ဆေးရန် ခေါ်ယူရာ  ထွက်ပြေးရန်ကြိုးစားခဲ့ကြောင်း၊ BGB အဖွဲ့ဝင်များက သူ့ကို လိုက်လံဖမ်းဆီးပြီး အိတ်ကို ရှာဖွေခဲ့ရာမှာ ယာဘ ၁၂၀,ဝဝဝကို တွေ့ရှိခဲ့ကြောင်းသတင်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟုသိရသည်။ Source: Bandarban News

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.