Preview

စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ်တစ်စင်း ပျောက်ဆုံးနေ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :5264
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၃/ ၂၀၂၅

စစ်ကောင်စီတိုက်ခိုက်ရေး လေယာဉ်တစ်စင်းသည် ပျံသန်းနေစဉ်အတွင်း ပျောက်ဆုံးနေကြောင်း စစ်ကောင်စီပိုင် မီဒီယာများတွင် ရေးသားဖော်ပြသည်။

၎င်း တိုက်ခိုက်ရေး လေယာဉ်သည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက် ညပိုင်း၌ ညအချိန် ခရီးဝေး လေ့ကျင့် ပျံသန်းဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာ၌ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်ရေး ပြတ်တောက်လျက်ရှိသည်ဟု ဆိုသည်။

လေယာဉ်သည် စက်ချို့ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတု ဆိုးရွားမှုများကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။  

လက်ရှိတွင် ရာသီဥတု ဆိုးရွားလျက်ရှိသော်လည်း ဆက်သွယ်မှု ပြတ်တောက်ရာ နေရာတစ်ဝိုက်သို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။   

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.