Preview

တညောင်ဓာတ်အားပေး ခွဲရုံသို့ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ခုနစ်ဦးသေဆုံး

လူထက်နိုင် | လွန်ခဲ့သော တစ်ရက် က | ကြည့်ရှုသူ :941
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၁၆/၂၀၂၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့မှ တညောင် ဓာတ်အားပေး ခွဲရုံသို့ ထွက်လာသည့် စစ်ကောင်စီ ကားလေးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ကြောင်း သခင်ဖိုးလှကြီး တပ်ခွဲက ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ဆိပ်ဖြူမြို့မှ တညောင်ဓာတ်အားပေးခွဲရုံသို့ ထွက်ရှိလာသော စိန်နားကပ်ဦးဆောင်သော အင်အား ၅ဝ ပါ ကားလေးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦး နေရာတွင်သေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါစစ်ကြောင်းသည် တညောင်ဓာတ်အားပေးခွဲရုံအတွင်းသို့ဝင်ရောက်အင်အားဖြည့်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်တွင် အဆိုပါဓာတ်အားပေးခွဲရုံနှင့် ကင်းပုန်းထွက်ဝပ်နေသည့်နေရာများသို့ ၆၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ သုံးဦးထပ်မံသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုတိုက်ခိုက်မှုကို သခင်ဖိုးလှကြီးတပ်ဖွဲ့(ချောက်)နှင့် မဟာမိတ် ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း တပ်ခွဲ(၁/၂)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.