Preview

MDF ဒု-ဥက္ကဋ္ဌ စစ်ဘက်ဆိုင်ပစ္စည်းများနှင့်အတူ အိန္ဒိယ မီဇိုရမ်တွင် ဖမ်းဆီးခံရ

လူထက်နိုင် | ဇူလိုင် ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :5504
ပြည်တွင်း သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဇူလိုင် ၂၁ /၂၀၂၅

မရာကာကွယ်ရေးတပ်(MDF)၏ ဒု-ဥက္ကဋ္ဌ NB Sila အပါအဝင် သုံးဦးသည် စစ်ဘက်ဆိုင်ရာပစ္စည်းအမြောက်အမြားနှင့်အတူ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် တိပကျေးရွာတွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

သူတို့သည် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ဆောင်လာသည့် ကားတစ်စီးနှင့်အတူလိုက်ပါလာစဉ် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မရာဒေသခံအမျိုးသားတစ်ဦးက “သတင်းကြားတာ ဖမ်းထားတာ ဟုတ်ပါတယ်။ ဒီဘက်မှာ တော်လှန်ရေးလုပ်ရတာ အိန္ဒိယကိုကြောက်နေရတယ်။ သတင်းပေးတွေလည်းရှိတော့ နေရထိုင်ရ ခက်တယ်။ သွားသတိ၊ လာသတိနဲ့နေနေရပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့မှာ သတင်းပေးတွေမွေးထားပါတယ်” ဟု ပြောသည်။

သူတို့ကို စစ်ဝတ်တန်ဆာများ၊ စစ်အသုံးဆောင်ပစ္စည်းများနှင့်အတူ ဖမ်းမိခြင်းဖြစ်ပြီး အသက် ၄၄ နှစ်အရွယ် MDF ဒု- ဥက္ကဋ္ဌသည် အမည်နှင့် လိပ်စာလည်း ပြောင်းထားကြောင်း သိရသည်။

blob

ဖမ်းဆီးခံရစဉ် MDF ဒု-ဥက္ကဋ္ဌ NB Sila သည် အိန္ဒိယနိုင်ငံသား နာမည် Pu B Rakhie ပြောင်းသုံးထားသလို သူ၏ ရွာအမည်ကိုလည်း လိုင်လင်းပီမြို့အဖြစ် သုံးထားကြောင်း ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Khumiland News တွင်လည်း ဖော်ပြထားသည်။

သူတို့ကို ဆက်လက်အရေးယူရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MDF သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် နေထိုင်သည့် မရာ(ချင်း) ပြည်သူများကို အုပ်ချုပ်လျက်ရှိပြီး ချင်းညီနောင်(CB)အဖွဲ့ဝင်လည်းဖြစ်သည်။

MDF သည် ချင်းပြည်နယ်၊ မရာနယ်မြေ မရာပြည်သူများ လုံခြုံရေးအတွက် စစ်ထဲမဝင်မနေရစနစ်ကို ပြဋ္ဌာန်းထားကြောင်း သိရသည်။

ဓာတ်ပုံ - Khumiland News

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.