ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

မိုခါကြောင့် ချင်းပြည်နယ်အတွင်း အိမ်ခြေ ၃၀၀၀ နီးပါးနှင့် အများပိုင်အဆောက်အအုံ ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 698

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း အိမ်ခြေ ၃၀၀၀ နီးပါးနှင့်အများပိုင်အဆောက်အအုံ ၃၀၀ ကျော် ပျက်စီးဆုံးခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC က မေလ ၂၃ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။


အဆိုပါ ပျက်စီးဆုံးရှုံးမှု စာရင်းသည် ချင်းပြည်နယ်ထဲရှိ မြို့နယ် (၉) မြို့ထဲက (၈)မြို့နယ်အတွင်း ကောက်ခံရရှိ ထားသည့် စာရင်းများဖြစ်ပြီး အိမ်ခြေအများဆုံးပျက်စီးမှုသည် မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

 

အိမ်ခြေများ ပျက်စီးမှုအနေဖြင့် ကန်ပတ်လက်တွင် ၂၁၁ လုံး၊ မင်းတပ်တွင် ၆၅၄ လုံး၊ ပလက်ဝတွင် ၄၀၀ လုံး၊ တီးတိန်တွင် ၅၂ လုံး၊ ထန်ထလန်တွင် ၄၁ လုံး၊ ဖလမ်းတွင် ၁၀၀ လုံးနှင့် ဟားခါးတွင် ၁၀၅ လုံးတို့ ဖြစ်ပေါ်ခဲ့ ကြောင်း သိရှိရသည်။

 

စာသင်ကျောင်းပျက်စီးမှုက မင်းတပ်က တစ်ရာကျော်တယ်။ နေအိမ်ကပျက်စီးမှုကတော့ မတူပီက တစ်ထောင်ကျော်တယ်ဗျ။ အခုတော့ ကိုယ်တတ်နိုင်တာတွေနဲ့ ပြုပြင်နေကြရတာပေါ့ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။

 

မတူပီမြို့နယ်အတွင်း အိမ်ခြေပျက်စီးမှုအနေဖြင့် ၁၂၁၁ လုံးအထိ ဖြစ်ပေါ်ခဲ့ပြီး အခြား မြို့နယ်များ ပျက်စီးမှု စာရင်းအများဆုံး မိုခါဒဏ်ကို ခံစားခဲ့ရကြောင်း သိရှိရသည်။

 

အများပိုင်အဆောက်အအုံများဖြစ်သည့် စာသင်ကျောင်း ပျက်စီးမှုအနေဖြင့် ကန်ပတ်လက်တွင် ၂၁ ကျောင်း၊ မတူပီတွင် ၂၅ ကျောင်း၊ ပလက်ဝတွင် ၁၁ ကျောင်း၊ တီးတိန်တွင် ၇ ကျောင်း၊ ဖလမ်းတွင် ၅ ကျောင်းနှင့် ဟားခါးတွင် ၂ ကျောင်း ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

 

စာသင်ကျောင်းပျက်စီးဆုံးရှုံးမှုစာရင်များအရ မင်းတပ်မြို့တွင် ၁၁၄ လုံးအထိ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံးသည်လည်း ၃၂ ခုအထိ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 

၎င်း မြို့နယ်များတွင် သာဘာရေးအဆောက်အအုံ ၁၈၅ လုံး ပျက်စီးခဲ့ပြီး စပါးကျီ ပျက်စီး မှုအနေဖြင့် ၂၅၉ ကျီခန့်ပျက်စီးခဲ့ကြောင်းကိုလည်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီက ပြောသည်။ (NN – 25)

 

ဓာတ်ပုံ - ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ထုတ်ပြန်ချက်

ဆက်စပ် သတင်းများ