Preview

ရန်ကုန်မြို့ကို လျှပ်စစ်မီးပျက်သည့်အပေါ် ဆိုရှယ်မီဒီယာပေါ် ဝေဖန်ရေးသားသူ ဟစ်ဟော့ပ် တေးရေး/တေးဆို ဗျူဟာဖမ်းဆီးထိန်းသိမ်းခံရ

မေ ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :1038
ပြည်တွင်း သတင်း

ရန်ကုန်မြို့ကို  လျှပ်စစ်မီးကို ၅နာရီခြားခွဲတမ်းဖြင့် ပေးရာတွင် ပုံမှန်မပေးနိုင်သဖြင့်  လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်ရေးသားခဲ့သည့်ဟစ်ဟော့ပ် တေးရေး/တေးဆိုဗျူဟာကို မေလ ၂၄ ရက်က ၎င်း၏ နေအိမ်မှစစ်ကောင်စီက လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိ၇သည်။

 

 မီးပြတ်တာကိုဝေဖန်လို့တဲ့ ။ သူပြောတာလဲဟုတ်လဲဟုတ်တယ်။ ပေးချိန်ကိုတောင် ၅ နာရီခြား ဆိုပေမယ့် တစ်နာရီလောက်လာလိုက်၊  ပြတ်လိုက်နဲ့ဟုဗထူးအိမ်ရာအတွင်း နေထိုင်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

 

ဗျူဟာသည်မေလ ၂၃ ရက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတမ်းနဲ့ ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ ကောင်တွေကို မီးပျက်လို့ဆဲတယ်ကွာဟုပြောဆိုခဲ့ကြောင်း တွေ့ရှိ၇သည်။

 

၎င်းကိုသူနေထိုင်ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာ ၂ က နေအိမ်တွင် လာရောက်ဖမ်း ဆီးသွားခဲ့ကြခြင်းဖြစ်သည်။

 

 မှန်တာကိုမှန်တာရေး မှန်တာပြောတာကျ မခံနိုင်ဘူး။ ဟုတ်လဲ ဟုတ်နေတာကို။ ဘယ်လိုတရားဥပဒေနဲ့ ဘယ်လိုမျိုး မအလအစေပါးတွေ လှည့်ပတ်အမှုဖွင့်ဦးမလဲ မသိတော့ပါဘူးဗျာဟု အိမ်ရာတွင်နေထိုင်သူ တစ်ဦးကလည်း ထပ်မံမှတ်ချက်ပြုသည်။

 

လက်ရှိတွင်ဗျူဟာကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် မည်သည့်စခန်းတွင်ထိန်းသိမ်းထားကြောင်းကို မိသားစုဝင်များထံ စုံစမ်းရာ မသိရှိ၇သေးကြောင်းနှင့်အဆက်အသွယ် မရရှိသေးကြောင်း ပြောဆိုသည်။ (NN– 25)

 

ဓာတ်ပုံ- ဖမ်းဆီးခံ၇ခဲ့သည့် ဟစ်ဟော့ပ်အဆိုတော် ဗျူဟာ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.