စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီလက်အောက်ခံ BGF ၅ ဦး ရှင်းလင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 603

KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်းသို့ နယ်မြေကျူးကျော်ဝင်ရောက်လှုပ်ရှားသည့် စစ်ကောင်စီလက် အောက်ခံ နယ်ခြားစောင့် (BGF)အဖွဲ့ဝင် ၅ဦး ရှင်းလင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNLA အမှတ် (၅)က မေလ ၂၈ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်သည်။


အဆိုပါ BGF အဖွဲ့ဝင် ၅ ဦးသည် မေလ ၂၆ ရက်နေ့က နံနက် ၆ နာရီလောက်က ဝါးဒူးနှင့် လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင် အနီး တစ်နေရာ၌ လမ်းကင်းယူနေခဲ့ကြောင်း သိရှိရသည်။

 

ထိုအချိန် KNLA အမှတ် (၅) တပ်မဟာ၏ ဌာနချုပ်က ရဲဘော်များနှင့် ၎င်းလက်အောက်ရှိ တပ်ရင်း (၁၀၂) တို့ က ရဲဘော်များဖြင့် BGF အဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ BGF  ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

တိုက်ခိုက်မှုကြောင့် သေဆုံး BGF အဖွဲ့ဝင်များထံမှ M 16 AR  (၄)လက်၊ M 79 လောက်ချာ (၁)လက်၊ 9 MM  ပစ်စတို (၁)လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရသည်။

 

ထိုအပြင် M 16 AR ကျည် (၃၂၀)တောင့်၊ M 79 လောက်ချာကျည် (၁၇)လုံးတို့နှင့် စစ်ဝတ်တန်ဆာ (၄)စုံ၊ M 16 AR ကျည်ဘောက် (၄)ခု၊ စကားပြောစက် (၁)လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန် ပြောဆို ထားသည်။ (NN – 25)

 

ဓာတ်ပုံ - သေဆုံး သွားသည့်  BGF အဖွဲ့ထံက သိမ်ဆည်းရမိသော လက်နက်ခဲယမ်းများ

ဆက်စပ် သတင်းများ