Preview

ဂျပန်က မြန်မာ့ရထားလမ်းစီမံကိန်းအတွက် ODA အကူအညီ ပြန်ရုပ်သိမ်း

ဇွန် ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :760
ပြည်တွင်း သတင်း

ဂျပန်နိုင်ငံသည်လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသင်္ကေတအဖြစ်ရပ်တည်ခဲ့သော မြန်မာနိုင်ငံရှိ အဓိကရထားလမ်းစီမံကိန်း အတွက်၎င်း၏တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) ကိုရုပ်သိမ်းလိုက်သည်ဟု ဂျပန်သတင်းစာအဆာဟိရှင်ဘွန်းက (Asahi Shimbun) မေလ၃၁ ရက်နေ့က ရေးသားဖော်ပြသည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုး၇ကို ဆန့်ကျင်သည့်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပေါ်ကန့်ကွက်သည့် အမှတ်အသားအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်သည် မီးရထားစနစ်အဆင့်မြှင့်တင်မှုအတွက် ငွေကြေးအကူအညီအပေါ် သက်ရောက်မှုရှိသည်။

၂၀၁၀ခုနှစ်တွင်  ဂျပန်နိုင်ငံက စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ(၁) ဘီလီယံနှင့်   ညီမျှသည့် ဂျပန်ယန်း(၁၄၂ ဒဿမ၂) ဘီလီယံထိ ODAချေးငွေ ထုတ်ပေးဖို့သဘောတူညီခဲ့ပြီး စီမံကိန်းစတင်ချိန်မှာ လိုအပ်ချက်တွေအတိုင်း ပြီးစီးဖို့ လျာထားသည့်  ၂၀၂၄ ခုနှစ်အထိ ဆက်လက် ထောက်ပံ့ဖို့ သဘောတူညီထားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါစီမံကိန်းသည် ရန်ကုန်နှင့် မန္တလေမြို့ကြီးနှစ်မြို့ကြားရှိ ၇ထားလမ်း၏ ကီလိုမီတာ ၆၂၀ တွင် နှောင့်နှေးမှုနှင့်လမ်းချော်မှုဖြစ်နိုင်ခြေများသော သက်တမ်းရင့်ရထားလမ်းများနှင့် တံတားများကိုအဆင့်မြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

 

၎င်း၏ဆက်လက်လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်သော ချေးငွေများကို ယန်းငွေထပ်မံထုတ်ပေးမည်မဟုတ်ကြောင်းပြီးခဲ့သည့်ဆောင်းဦးရာသီ (နိုဝင်ဘာလ) ကမြန်မာနိုင်ငံအား အသိပေးခဲ့သည်။

 

ဂျပန်၏ရပ်တည်ချက်ကို နားလည်ကြောင်း မြန်မာစစ်အာဏာပိုင်များက ဧပြီလတွင်အကြောင်းကြားခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

 

အဆိုပါစီမံကိန်းသည်အခြေခံအဆောက်အအုံဆိုင်ရာ အကူအညီများပေးရန် ဂျပန်နိုင်ငံ၏ကြိုးပမ်းအားထုတ်မှုများကို သက်သေအဖြစ် ရပ်တည်လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် ဆက်လက် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်ရန်နိုင်ငံအတွက် အခြားသော အဓိက ODA စီမံကိန်းများကို ပြန်လည်သုံးသပ်ရန်ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

" ဂျပန်သည် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံအတွက်ချေးငွေအသစ်များကို ဆိုင်းငံ့ထားသည်။ ထိုသို့မလုပ်ဆောင်ပါက၊ တိုကျိုသည် မြန်မာ စစ်တပ်အုပ်ချုပ်ရေးကိုနိုင်ငံ၏တရားဝင်အစိုး၇အဖြစ် အသိအမှတ်ပြုရာရောက်မည်ဖြစ်သည်။

 

ယခုထောက်ပံ့မှုသည် ပရောဂျက်၏လေးပုံတစ်ပုံခန့်သာ ပြီးစီးသည်ဟု ယုံကြည်၇သည်။


Ref and Photo: Asahi Shimbun




မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.