ကရင်နီပြည်နယ်အတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများကို အပြန်အလှန် ထိန်းညှိပြီး အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးအကောင်အထည်ဖော်ဖို့
(IEC)ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက် များအတိုင်း ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ (IEC) သည် စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ်အစိုး ရတစ်ရပ်၏ အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန်အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးကဏ္ဍများကို အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ် အေးချမ်းရေး ဖော်ဆောင်ရန်နှင့် ပြည် နယ်အတွင်းရှိ အင်အားစုအသီးသီးကြား လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန် စသည့် ရည်ရွယ် ချက်များပါဝင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
(IEC)သည် ကရင်နီပြည်နယ်ထဲတွင် ပြည်သူလူထုကို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေး၊ ရဲဌာန၊ တရားရုံးတို့ကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုအသီးသီးနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း သိရှိ၇သည်။
အဆိုပါအုပ်ချုပ်ရေးကောင်စီ (IEC)ကို ဇွန်လ ၆ရက်နေ့က စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၏ လက်ရှိ ဥက္ကဋ္ဌ ခူဦးရယ် က (IEC)ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ ဒုတိယ ဥက္ကဋ္ဌ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး (၁)ဇူးပဒုမ္မာ၊ အတွင်းရေးမှူး (၂)ဗညားခွန်အောင် နှင့် ဘဏ္ဍာရေးမှူးမော်ဖိုးမြာ တို့ က ကနဦးစုဖွဲ့မှုအဖြစ် တာဝန်ယူထားကြသည်။
‘’လူထုတော်လှန်ရေးမှာ ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေက ထမ်းဆောင်နေကြတယ်၊ IECမှာ ကြီးလေးတဲ့တာဝန် ထမ်းဆောင်၇တာဖြစ်တယ်၊ တော်လှန်ရေးကြားကာလအချိန်မို့ အခက်အခဲ စိန်ခေါ် မှုတွေ အများကြီးရှိမယ်၊ လူထုတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရာ
(IEC)သည် ပြည်တွင်း၊ ပြည်ပအင်အားစုများနှင့် ချိတ်ဆက်ကာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု
(IEC)ကို တော်လှန်ရေးပြီးသည့်နောက်ပိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်နယ်ထဲ အစိုး၇သစ် ပေါ်ပေါက်လာချိန်တွင် သတ်မှတ်ထားသော ကာလသက်တမ်းနှင့်အညီ ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။
ပြည်နယ်နှင့်တိုင်းအလိုက် တော်လှန်ရေးထဲတွင် ပါဝင်လှုပ်ရှားနေကြသည့် အဖွဲ့အစည်းအသီးသီးတို့က လည်း (IEC) စတင်ဖွဲ့စည်းလိုက်ခြင်းအပေါ် သဝဏ္ဍလွှာများ အသီးသီးပေးပို့ခဲ့ကြကြောင်းလည်း သိ၇ သည်။NN – 24
Photo ; (IEC) Page