(အခုအထိအမိုးအကာမလုံခြုံဘဲ နေရသူတွေအများကြီး နယ်ဘက်တွင်ရှိနေသေးဟုဆို)
မိုခါဆိုင်ကလုန်မုန်တိုင်းဒဏ်
စက်တင်ဘာလ ၂၀ ရက်နေ့ကပြည်နယ်ကောင်စီ အစိုးရအဖွဲ့ရုံးခန်းမတွင် ပြည်နယ်အဆင့် အစိုးရ အရာရှိများတက်ရောက်သည့် မုန်ခါမုန်တိုင်းကြောင်းပျက်စီးမှု ပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲရေး အစည်းအဝေးတွင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ ပြန်လည်ထူထောင်ရေးတွင်လတ်တလောကာလ၊ ကာလတို၊ကာလရှည်ခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊လတ်တလောကာလမှာ ပြီးစီးပြီဖြစ်၍ ကာလတို၊ ကာလရှည်တွင် ရာသီသီးနှံ အခြေခံသည့် စားသောက်ရေး။ ကာလတိုအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ချက်ချင်းအကျိုးရှိနိုင်မည့် ကြက်၊ဝက်၊ဆိတ် အသားထုတ်လုပ်မှုလုပ်ငန်းနှင့် နှစ်လ၊ သုံးလခန့်သက်တမ်းရှိသည့်ဟင်းသီး၊ဟင်းရွက် ထုတ်လုပ် မှုကိုလည်း ထည့်သွင်း၇မည်” ဟု ပြောဆိုခဲ့သည်။
ယခုအခါ မိုခါဆိုင်ကလုန်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၄ လကျော်ကြာလာပြီးဖြစ်သော်လည်း စစ်ကောင်စီ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထိရောက်သည့် အကူအညီကို မရရှိသည့်အတွက် မုန်တိုင်းဒဏ်ကိုခံခဲ့ကြရ သည့် ရခိုင်ပြည်သူ အများစုမှာ အမိုးအကာ မလုံဘဲ ဖြစ်သလို နေထိုင်နေကြ၇ကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ တချို့ကတော့အိမ်တွေကို ဆောက်ပြီးကြပြီလို့ပြောလို့ရတယ်
မိုခါမုန်တိုင်းအလွန်ပြည်လည်ထူထောင်ရေးလုပ်ငန်းများ
စစ်ကောင်စီက ပြန်လည်ထူထောင်းရေးလုပ်ငန်းကို အဓိက မြို့ပေါ်တွေမှာသာ ဦးစားပေး လုပ်ဆောင်နေပြီး နယ်ဘက်များတွင်လုပ်ဆောင်မှု မရှိသလောက်ဟု စစ်တွေမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
“ စစ်ကောင်စီကအထူးသဖြင့် စစ်တွေမြို့ထက်လောက်မှာဘဲ ဦးစားပေးလုပ်တာတွေ့ရတယ်။ ဆေးရုံတို့စာသင်ကျောင်းတို့ကိုလုပ်တယ်။ နယ်ဘက်က ဆေးရုံတို့ စာသင်ကျောင်းတွေကိုလည်းလုပ်နိုင်တာ မတွေ့ ရ သေးဘူး။အခုအထိ အမိုးအကာ မလုံခြုံဘဲ နေရသူတွေအများကြီး နယ်ဘက်တွေမှာရှိနေသေးတယ်”ဟုပြောသည်။
မိုခါဆိုင်ကလုန်မုန်တိုင်းဒဏ်ခံခဲ့ရသူ ၇၅ရာခိုင်နှုန်းသာ အမိုးအကာအောက်ကိုရောက်ရှိသေးပြီ
အင်အားပြင်းမိုခါဆိုင်ကလုန်မုန်တိုင်းကြော
ရခိုင်ပြည်တွင် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဉ်များခွင်ပြု ချက်ရရှိပြီးဖြစ်သည့်အတွက် ကယ်ဆယ်ရေးပစ္စည်းတချို့ကိုဖြန့်ဝေထားပြီဖြစ်သော်လည်း မုန်တိုင်သင့် ဒေသ ခံများအတွက်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေပြီး အကူညီအများပိုမိုပေးသွားရန် လိုအပ် နေဆဲဖြစ်ကြောင်းလည်း UN OCHAက စက်တင်ဘာလ ၈ ရက်နေ့ကထုတ်ပြန်ထားသည်။
မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန် မုန်တိုင်းဒဏ်ကို စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့တွင် အပြင်းအထန်ခံခဲ့ရပြီးသိန်းနှင့်ချီသည့် လူနေအိမ်များ၊ အစိုး၇အဆောက်အဦနှင့် သာသနိကအဆောက်အဦများအပါအဝင်ပျက်စီးခဲ့သည်။
(NN-14)