ရခိုင်တွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကုန်းလမ်းနှင့် ရေလမ်းများကို အတင်းအကျပ်ပိတ်ပင်ထားသည့်အတွက် စားသောက်ကုန်ဈေးနှုန်းများ စံချိန်တင်မြင်တက်နေသည်ဟု ပြည်သူများက ပြောသည်။
တိုက်ပွဲများမဖြစ်မီ နိုဝင်ဘာလ ပထမအပတ်က တရုတ်ကြက်သွန်ဖြူ တစ်ပိဿာကို ကျပ် ၁၅၀၀၀ ခန့်ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၂၀၀၀၀ အထိလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၄၀၀၀ ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၂၀၀၀၀ အထိလည်းကောင်း၊ ဂျင်းတစ်ပိဿာကို ကျပ် ၁၀၀၀၀ သာရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၁၂၀၀၀ အထိလည်းကောင်း၊ ငရုပ်သီးခြောက် ၁ ပိဿာကို ကျပ် ၁၀၀၀၀ ခန့်သာရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၆၀၀၀၀ အထိလည်းကောင်း၊ Good Choice ဆီတစ်လီတာကို ကျပ် ၆၀၀၀ ကျော်ခန့်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၉၀၀၀ ခန့်အထိလည်းကောင်း အသီးသီး ဈေးမြင့်တက်နေသည်ဟု သိရသည်။
ထို့ကြောင့် ရခိုင်ရှိ အခြေခံလူတန်းစားသာမက လူလတ်တန်းစား ပြည်သူလူထုများမှာ စားသောက် နေထိုင်ရေးအတွက် အလွန်တရာ အခက်အခဲကြုံနေရသည်ဟု ကုန်စုံဆိုင်ရောင်းနေသည့် အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။
"ဆိုင်ကြီးတွေက ပစ္စည်းတွေ ဈေးတင်ပြီးရောင်းရင် အဲ့ဒီဈေးအတိုင်းဝယ်ရတယ်။ ပြန်ရောင်းချရတာလည်း အဆင်မပြေဘူး။ လူတွေက ဝယ်မစားနိုင်ဘူးလေ။ အရင်ကထက် သုံးဆလောက် ရောင်းအားကျသွားတယ်။ လူတိုင်း စာရေးသောက်ရေးတွေကလည်း အကျပ်အတည်း ဖြစ်လာတာပေါ့" ဟု ပြောသည်။
စစ်ကောင်စီက ကုန်းလမ်းရေလမ်းများကို အတင်းအကျပ်ပိတ်ပင်ထားသည့် အတွက် ကုန်ပစ္စည်းများရှားပါးလာ၍ ယခုကဲ့သို့ ဈေးနှုန်းများ စံချိန်တင်မြင့်နေခြင်း ဖြစ်သည်
ယင်းအပြင် ယခင်ကပင် သိုလှောင်ထားသည့်ကုန်ပစ္စည်းမျာ
"ကုန်ဈေးနှုန်းတွေက အကုန်တက်တော့ ပုံမှန်တိုင်းလည်း မဝယ်စားနိုင်ဘူး။ အလုပ်အကိုင်ကလည်း အဆင်မပြေ။ ဘေးတွဲငှားစီးမဲ့သူလည်း မရှိဘူး။ ငှားစီးကြပြန်တော့လည်း ဆီဈေးကတက်တော့ ဆီစရိတ်ဖိုးတောင် မရဘူး။ ဈေးမကိုက်ဘူးလေ။ အငတ်မခံနိုင်ရင် အကြွေးဝယ်စားတယ်။ ဝယ်မစားနိုင်လို့ ဘုန်းကြီးကျောင်းက တောင်းစားနေ၇တယ်။ ငတ်တလှည့် မွတ်တလှည့်ပေါ့ကွယ်"
တိုက်ပွဲပြန်လည်မဖြစ်ပွားမီက စစ်တွေမြို့တွင် စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂၂၀၀ ရှိခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ဒုတိယအပတ်တွင် 92တစ်လီတာကို ကျပ်၃၀၀၀ အထိ မြင့်တက်လာခဲ့သည်။နိုဝင်ဘာလကုန်ပိုင်းတွင် ကျပ် ၁၀၀၀၀ အထိ ဆက်လက် မြင့်တက်လာပြီး ယနေ့တွင် ကျပ် ၂၇၀၀၀ အထိ မြင့်တက်နေကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်ရောင်းချသည့်အမျိုး သမီးတစ်ဦးက "ကုန်ဈေးတွေက တက်တော့လေ။ ရောင်းလို့လည်း မကောင်းဘူး။ ဟင်းတွေက ပုပ်သွားတော့ ပစ်လိုက်ရတယ်။ တစ်ခါတစ်လေ အရှုံးခံပြီးရောင်းရတယ်။ မရှိတဲ့သူတွေက အကြွေးဝယ်လည်း ပေးလိုက်ရတယ်။ ဟင်းတစ်ခုဝယ်ရင် ငရုပ်သီးစိမ်းလည်း တစ်လုံး၊ နှစ်လုံးလောက် ပေးပါလားတောင်းတော့လည်း ကိုယ်ချင်းစာတယ်။ ပေးလိုက်တယ်။ မြတ်တဲ့အခါမြတ်၊ ရှုံးတဲ့အခါရှုံးပေါ့"ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ရန်ကုန် - စစ်တွေကားလမ်းများနှင့် မြို့နယ်ချင်းဆက်သွယ်ထားသည့် လမ်းများ အားလုံးကို ပိတ်ဆို့ထားသည်မှာ ယနေ့တိုင်ဖြစ်ပြီး ပြည်သူများမှာလည်း အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီဟု သိ၇သည်။ (NN-13)