Preview

ရခိုင်တွင် စက်သုံးဆီပြတ်လပ်၍ စက်ဘီးစီးသူ များပြားလာ

ဒီဇင်ဘာ ၀၉/ ၂၀၂၃ | ကြည့်ရှုသူ :6459
ရခိုင် သတင်း

၇ခိုင်တွင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို စစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့ထားပြီးနောက် ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မှုများနှင့်ကြုံနေ၇သလိုဈေးနူန်းများမှာလည်းအဆမတန် မြင့်တက်လာနေသဖြင့် ဆိုင်ကယ်စီးသူ နည်းပါးလာပြီး စက်ဘီးများကိုအစားထိုး အသုံးပြုသူများပြားလာသည်ဟုသိ၇သည်။

၇ခိုင်တိုက်ပွဲပြန်လည်မဖြစ်ပွားမီက စစ်တွေမြို့တွင် စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂၂၀၀ ရှိခဲ့ရာမှ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ရက်အထိ ကျပ် ၃၀၀၀၀ အထိ မြင့်တက်နေကြောင်း သိ၇သည်။

စစ်တွေမြို့ခံတစ်ဦးက "ဒီနေ့ဆီတစ်လီတာကို သောင်းဖြစ်နေပြီ။ သောင်း လောက်ကေနေ မဝယ်နိုင်တော့ဘူး။ ကုန်တန်းဘက်မှာ တန်းစီပြီး ဝယ်လို့၇တယ်လို့ ကြားတယ်။ ဒါလည်း လီတာကို ၉၀၀၀ တဲ့။ ဒါပေမဲ့ ဆီမ၇တဲ့သူတွေလည်း ရှိတော့လေ။ အချိန်ကုန်ပြီး ဆီမ၇တာပဲ အဖတ်တင်မှာစိုးလို့ ချောင်ထိုးထားတဲ့စက်ဘီးကို ပြန်ပြင်ပြီး စီးနေတယ်"ဟုပြောသည်။

အလားတူ မြောက်ဦးမြို့တွင်လည်း တကျော့ပြန်စစ်မဖြစ်ပွားမီက စက်သုံးဆီ 92 လီတာကို ကျပ် ၂၄၀၀ ခန့်ရှိခဲ့ရာမှ  ဒီဇင်ဘာ လဆန်းပိုင်းတွင် ကျပ် ၁၅၀၀၀ နှင့် ကျပ် ၂၀၀၀၀ ကြားမြင့်တက်လာသည့်အပြင် ဆီပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေ၇သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"ဆီကလေ လိုသလောက်လည်း မ၇ဘူး။ အလုအယက်ဝယ်၇ပြီးတော့ တစ်လီတာပဲဝယ်လို့၇ပါတယ်။ ဆိုင်ကယ်စီးတဲ့သူတွေလည်း နည်းလာတာတွေ့၇တယ်။ စက်ဘီးစီးကြတယ်။ လမ်းလျှောက်ကြတယ်။ လက်လုပ်လက်စားကယ်ရီဆွဲတဲ့သူတွေဆိုတော့ မထည့်လို့မ၇ဘူး။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဆီကိုရှာဝယ်၇တာပေါ့" ဟုပြောသည်။

အလားတူ တောင်ကုတ်မြို့နယ်တွင်လည်း တကျော့ပြန်တိုက်ပွဲမဖြစ်မီ 92 တစ်လီကို ကျပ် ၂၃၅၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၀၀၀၀ မှ ၁၂၀၀၀ ကြားအထိ ဈေးမြင့်တက်လာကြောင်း မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။


"ဆီတွေက ခိုးကြောင်းခိုးဝှက်နဲ့ ရောင်းကြတော့ တစ်လီတာ၊ လီတာဝက်လောက်ပဲ ၇တယ်။ နောက်တစ်ခုက ဆီဆိုင်တွေက ဆီရှိရဲ့သားနဲ့ မရောင်းဘူး။ အပြင်ကို ထုတ်ပြီး ဈေးကြီးကြီးနဲ့ ရောင်းစားကြပါတယ်။ ကျွန်တော်က စက်ဘီးကို အားကိုးနေ၇ပါတယ်။ ဆိုင်ကယ် စီးသူတွေလည်း နည်းလာတာ တွေ့၇တယ်။ မြို့မှာက အက်ဆီးဒင့်တွေလည်း လုံး၀မရှိတော့ဘူး"ဟုပြောသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်မဖြစ်မီက စက်သုံးဆီ 92 လီတာကို ၂၇၀၀ ကျပ်ရှိခဲ့ပြီး လက်ရှိတွင် ၁၈၀၀၀ မှ ၂၀၀၀၀ အကြားမြင့် တက်လာနေသည်ဟု သိ၇သည်။

ယင်းကြောင့် တတ်နိုင်သလောက် ခရီးရှည်များမသွားဘဲ အဓိက စက်ဘီးစီး၍သော်လည်းကောင်း၊ လမ်းလျှောက်၍သော်လည်း ကိုယ့်အားကိုသာ အားကိုးနေ၇ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"ဆီဈေးတက်တော့ လိုက်မမီဘူးလေ။ အတတ်နိုင်ဆုံး ခရီးမထွက်ဘူး။ ခရီတိုဆိုရင် လမ်းလျှောက်တယ်။ ပျက်နေတဲ့ စက်ဘီးတွေကို ပြန်ပြင်ပြီးစီးတယ်။ ဆိုင်ကယ်မှာ ထည့်ထားတဲ့ဆီကိုတော့ အရေးပေါ်ကိစ္စရှိရင် သွားလို့၇အောင် ချွေတာပြီးထားတယ်။ ဆိုင်ကယ်ကို ချောင်ထိုးထားပြီ"ဟုပြောသည်။



သံတွဲမြို့တွင်လည်း ယခင်က စက်သုံးဆီတစ်လီတာကို ကျပ် ၂၃၀၀ ခန့်ရှိခဲ့ပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ကျပ် ၈၀၀၀ မှ ၉၀၀၀ အထိ မြင့်တက်နေသည်ဟု သိ၇သည်။

သို့သော် စက်သုံးဆီများ ပြတ်လပ်နေသဖြင့် လက်ရှိ ဆီဆိုင်ကြီးများတွင်တန်းစီ၍ ဆိုင်ကယ်၊ သုံးဘီး၊ ကားတို့ကို ယာဉ်အမျိုးအစားတစ်ခုစီကို တစ်လတွင် တစ်ရက်သာ အကန့်အသတ်ဖြင့် ဝယ်ယူနေ၇ကြောင်း မြို့ခံများက ပြောသည်။

"အမြဲတမ်း၇တာမဟုတ်ဘူး။ တစ်လမှာ ရက်လောက်ပဲပေးတယ်။ ဆိုင်ကယ်တစ်စီးကို ၅၀၀၀ ဖိုး၊ ကားနှင့် သုံးဘီးတွေကိုတော့ ၁၀၀၀၀ ဖိုးပေးတယ်။ ဆိုင်ကယ်ကိုတစ်ရက်၊ ကားကိုတစ်ရက်၊ သုံးဘီကိုတစ်ရက် အဲ့လို ခွဲထားတယ်။ အပြင်ကိုလည်း လုံခြုံရေးအ၇ သိပ်ထွက်၇တာ မဟုတ်ဘူးဆိုတော့ မစီးဘဲနေကြတယ်" ဟုပြောသည်။

မောင်တောမြို့တွင်လည်း နိုဝင်လာလအစောပိုင်းက စက်သုံးဆီတစ်လီတာကို ကျပ် ၂၈၀၀ ရှိခဲ့ပြီး လက်ရှိတွင် ကျပ် ၈၀၀၀ ခန့် အထိ မြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။

လက်ရှိ ၇ခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီက တစ်ပြည်နယ်လုံးအနှံ့ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထား၍ စက်သုံးဆီများ တင်သွင်းခွင့် မရှိသည့်အတွက် ဆီပြတ်လပ်မှုများကို ကြုံနေ၇ခြင်းဖြစ်သည်။ 

ထို့အတွက် စစ်တွေအပါအဝင် ၇ခိုင်မှမြို့များတွင် စက်ဘီးစီးသူများပြားလာသလို ဆိုက္ကားအငှားစီးသူများကိုလည်း ပြန်လည်တွေ့ရှိလာ၇ခြင်းဖြစ်သည်။ (NN-13)

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.