တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှ မြို့နယ် (၅)ခုတွင် ဆက်လက်တိုက်ပွဲများဖြစ်ပွားနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

(မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောတို့တွင် လက်နက်မချသည့် စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးချေမှုန်းလျက်ရှိ)

ရခိုင်ပြည်မှ မြို့နယ် (၅) ခုတွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား ဆက်လက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် သတင်းတွင်ဖော်ပြသည်။

၎င်းမြို့နယ်များမှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်တို့ ဖြစ်ကြသည်။

“ထိတွေ့တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ထူးမခြားနားရှိနေခဲ့သည်”ဟု ဖော်ပြထားသည်။ 

၎င်းပြင် ရခိုင်ပြည် မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်အတွင်း၌ လက်နက်မချသည့် စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီး ချေမှုန်းလျက်ရှိကြောင်း ဖော်ပြထားသည်။

“ ရက္ခိုင့်တပ်တော် (AA)သည် ယနေ့တွင်လည်း အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို  လက်နက်ချအညံ့ခံခြင်းမရှိဘဲ မိမိတို့နှင့် အရပ်သား ပြည်သူလူထုအား ဆက်လက် တိုက်ခိုက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များအား လိုက်လံ ဖမ်းဆီးကာ ချေမှုန်းလျက်ရှိသည်” ဟု ဖော်ပြထားသည်။ 

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ “တပ်မ (၂၂)” လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ယမန်နေ့၊ ည (၉) နာရီ (၁၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများရှိရာမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ညအချိန်မတော် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမှတ် (၅) ရပ်ကွက်၊ ရွာသစ်မှ ဒေသခံလူငယ် (၁) ဦးအား လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ