Preview

ရခိုင်က သူလူ့မျိုး၊ သူ့ပြည်နယ်ကို သူတို့သာအုပ်ချုပ်လိုကြောင်း ရွေးကောက်ပွဲနှစ်ကြိမ်လုံးတွင် မဲထည့်၍ ဥပဒေဘောင်အတွင်းက သက်သေပြခဲ့ပြီဟုဆို

အောက်တိုဘာ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :12814
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၆ /၂၀၂၄

ရခိုင်ပြည်သူများက သူလူ့မျိုး၊ သူ့ပြည်နယ်ကို သူတို့သာအုပ်ချုပ်လိုကြောင်းရွေးကောက်ပွဲ ၂ ကြိမ်လုံးတွင် မဲထည့်၍ ဥပဒေဘောင်အတွင်းက သက်သေပြခဲ့ကြပြီဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုလိုက်သည်။

လက်ရှိရခိုင်ပြည် စစ်ရေးအခြေအနေ၊ အနာဂတ်အလားအလာများနှင့် ပတ်သက်၍ နိရဉ္စရာက ဆက်သွယ် မေးမြန်းစဉ် ဗိုလ်ကြီးဇင်ယော်က ထိုသို့ ပြောဆိုသွားခဲ့သည်။

“ဆန္ဒမဲပေးပွဲမှာလည်း ရခိုင်မှာက ရှင်းတယ်။ စစ်တပ်လည်း ရှုံးတယ်။ NLD လည်း ရှုံးတယ်။ ရွေးကောက်ပွဲ ၂ ကြိမ်လုံးမှာ ရခိုင်အမျိုးသားပါတီပဲနိုင်တယ်။ ထောက်ခံတဲ့ပြည်သူတွေက သူ့လူမျိုး၊ သူတို့ပြည်နယ်ကိုသူတို့၇ခိုင်လူမျိုး အုပ်ချုပ်တာ မြင်ချင်တယ်ဆိုတဲ့ အနေအထားမျိုး” ဟု ပြောဆိုသည်။

AA နှင့် ရခိုင်လူမျိုးတို့၏အနစ်နာခံ ဆုံးရှုံးမှုမှာ တော်တော်များနေပြီဖြစ်သဖြင့် ရခိုင်လူထု၏ ဆန္ဒကသာ ပန်းတိုင်ကိုရောက်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“  ရခိုင်တမျိုးသားလုံးကလည်း သူတို့ဟာသူတို့ပွင့်ပွင့်လင်းလင်း အုပ်ချုပ်ချင်တဲ့ သဘောကို တွေ့ရတယ်ပေါ့။အေအေက သူ့လူမျိုး သူ့စွမ်းအားနဲ့ ရုန်းကန်လာတာဆိုတော့ သူတို့ရဲ့ အနစ်နာခံမှု၊ဆုံးရှုံးခံမှုတွေက တော်တော်များပြီးသားဖြစ်တယ်။ အဲတော့ ရခိုင်လူထုရဲ့ ဆန္ဒကသာသူတို့ရဲ့ ပန်းတိုင်ကို ရောက်သွားမှာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြေညာထားသည့်အတိုင်း ရခိုင်ပြည်သူတို့၏ဆန္ဒသဘောထားအတိုင်း ရခိုင်ကို အုပ်ချုပ်သွားမည့် အနေအထားကို မြင်နေ၇သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။

“ ၇ခိုင်ကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကြေညာထားတာပေါ့။ အေအေနဲ့ ULA/AA က အုပ်ချုပ်မယ်ဆိုပြီးတော့ကြေညာထားတဲ့အတိုင်း အဲဒီ ပြည်သူ့ ဆန္ဒအတိုင်းအုပ်ချုပ်သွားမယ့် သဘောပါ။စစ်တပ်ကတော့ ဘယ်လိုပဲပြောပြော၊  ဖင်ပိတ်ငြင်းတဲ့အနေအထား။ ရခိုင်မှာကစစ်ကောင်စီ စခန်းအပြင် တပ်ရင်းဌာနချုပ်တွေပါပြုတ်တာ။ခွဲထွက်ချင်တာလို့ စွပ်စွဲ ပြောလာ ကြမှာပေါ့။ အေအေအနေနဲ့က ကွန်ဖက်ဒရယ်အဆင့်နဲ့  ပြည်နယ်အဖြစ်ရပ်တည်တာ။ အာဏာ မသိမ်းခင်ကလည်းအေအေက စစ်တပ်ကိုတိုက်ပြီးပြောလာတာ ” ဟု ပြောဆိုသည်။


လက်ရှိတွင်အာရက္ခတပ်တော်(AA)သည် စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်နေသည့် အပြင်စစ်ဌာနချုပ်များကိုပါ သိမ်းပိုက်လျက်ရှိသလိုအင်အားအလုံးအရင်းနှင့် မထင်မှတ်သည့် အချိန်တွင် တိုက်ခိုက်သည့် နည်းစနစ်ဖြင့် သွားနေကြောင်းလည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“ရခိုင်စစ်မျက်နှာပြင်ကတော့ အားရစရာလို့ ပြောလို့ရတယ်။တချို့ဒေသတွေမှာ မိုးတွင်း နားကြတယ်ပေါ့။ စစ်ရေးလှုပ်ရှားမှုတွေနည်းနည်းအရှိန်သေသွားပေမယ့်ရခိုင်စစ်မျက်နှာပြင် မှာတော့မနားဘူး။ အေအေဟာ ကြေညာထားတဲ့အတိုင်း ဆက်တိုက် မြေပြင်မှာ တိုက်နေတယ်ပေါ့နော်။ အခုအမ်းကို ထိုးစစ်ဆင်နိုင်မယ့်အနေအထား၊အင်အား၊ တပ်နေရာချထားမှု၊ ရိက္ခာခဲယမ်း၊ဆေးဝါးကုသမှု Plan တွေ သေချာ ချပြီးနေလောက်ပြီလို့ ယူဆတယ်။ အဲတော့ရခိုင်စစ်ရေးအခြေအနေက အားရစရာအကောင်းဆုံးအခြေအနေမှာ ရှိတယ်လို့ပြောရပါမယ်။ လက်ရှိ ဗျူဟာကတော့ ရခိုင်မှာမောင်တောမြို့နယ် တိုက်ပွဲအပြီး မောင်ရွှေလေးရေတပ်အပြီးအေအေက အင်အားစုဖွဲ့မှု၊လက်နက်အင်အား စုဖွဲ့မှုတွေ့တယ်။အေအေ၏ဗျူဟာကတော့ အင်အားအလုံးအရင်းနဲ့မထင်မှတ်တဲ့အချိန်မှာ တိုက်တဲ့ နည်းစနစ်နဲ့ သွားနေတာဖြစ်ပါတယ်”ဟုပြောသည်။

AA အနေဖြင့် လက်ရှိတွင် အမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနိုင်ပြီး တောင်ကုတ်၊ ကျောက်ဖြူ တို့တွင်လည်း စစ်မျက်နှာတပြိုင်နက်တည်း ဖွင့်လာနိုင်ကြောင်းလည်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

“ဒီလိုဖွင့်လာရင်တော့ အခြေအနေ အကောင်းဆုံးဟာ အမ်းဖြစ်မယ်။ကျွန်တော်တို့ မြင်တာကတော့ အမ်း-မင်းဘူးကြောဖက်ကပါ။  အဲဒီဘက်တွေမှာပါ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုတော့ သုံးဖက်ညှပ်ပြီးတော့ တိုက်မယ့်သဘောလို့မြင်ပါတယ် ခင်ဗျာ။ အခြေအနေ အကောင်းဆုံးကတော့အမ်း နပခ ကိုသိမ်းမယ့်တိုက်ပွဲ  မကြာခင် ပေါ်ပေါက်လာတော့မယ်လို့ယူဆ၇ပါတယ်ခင်ဗျာ” ဟုပြောသည်။

အာရက္ခတပ်တော်သည်ချင်းပြည်မှ ပလက်၀မြို့နယ် အပါအဝင် ရခိုင်မှပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ရသေ့တောင်၊ တောင်ပြို၊ သံတွဲ၊ ကျိန္တလီ စသော မြို့များကို သိမ်းပိုက်ထားပြီးကျန်ရှိနေသည့်မြို့နယ်များတွင်လည်း မြို့ပေါ်ကစပြီး နယ်ဒေသများအားလုံးကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်သည်ဟု သိ၇သည်။ 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.