Preview

ကျောက်နီမော်တွင်စစ်တပ်ကလေကြောင်းတိုက်ခဲ့မှုအတွင်းအရပ်သား (၄၀)ကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်အပေါ်အလွန် ထိတ်လန့် တုန်လှုပ်မိကြောင်းUNOCHA ပြောဆို

ဂျွန်နသန် | ဇန်နဝါရီ ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :2269
ရခိုင် သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၁၁/၂၀၂၅

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင်စစ်တပ်ကလေကြောင်းတိုက်ခဲ့မှုအတွင်းအရပ်သား (၄၀)ကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်အပေါ်အလွန် ထိတ်လန့် တုန်လှုပ်မိကြောင်းမြန်မာနိုင်ငံဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာUNOCHAက  ယာယီညှိနှိုင်းရေးမှူးကထုတ်ဖော်ပြောဆိုလိုက်သည်။

ဇန်နဝါရီလ( ၈ )ရက်က ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင်စစ်တပ်ကလေကြောင်းတိုက်ခဲ့မှုအတွင်း ကလေးငယ်၊ အမျိုးသမီး၊သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား (၄၀) ကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိကာ၊ အိမ်ခြေ (၅၀၀) ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ရသတင်းကြောင့် များစွာထိတ်လန့် တုန်လှုပ်မိပါ ကြောင်း ၊ရခိုင်ပြည်နယ်တွင် လတ်တလော အရှိန်မြင့်တက်လာနေသည့် ပဋိပက္ခနှင့် အရပ်သားများ ထိခိုက်သေဆုံးရမှုများနှင့် ပတ်သက်ပြီးမြန်မာနိုင်ငံဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ က ဇန်နဝါရီ(၁၀)ရက်ကထုတ်ပြန်သည့် ကြေ ညာချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း အရပ်သားများထိခိုက်သေဆုံးရမှုသတင်းများထွက်ပေါ်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုအသိုင်းအဝန်းက အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ဇန်န၀ါရီလ( ၈ )ရက်က ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင်(မြန်မာစစ်တပ်မှ) လေကြောင်းတိုက်ခဲ့မှုအတွင်း အရပ်သား (၄၀) ကျော် သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊သေဆုံးသူများတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ပါဝင်ကြောင်း၊ လူနေ အိမ်ခြေပေါင်း (၅၀၀) ခန့်လည်း ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း၊ အဆိုပါ သတင်းများကြောင့် များစွာထိတ်လန့် တုန်လှုပ်မိပါ ကြောင်း ၄င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လတ်တလော အရှိန်မြင့်တက်လာနေသည့် ပဋိပက္ခနှင့် အရပ်သားများ ထိခိုက်သေဆုံးရမှုများနှင့် ပတ်သက်ပြီးမြန်မာနိုင်ငံဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူChristina Powell က ဇန်နဝါရီ(၁၀)ရက်ကထုတ်ပြန်သည့် ကြေ ညာချက်တွင် အထက်ပါအတိုင်းထည့်သွင်းဖော်ပြထားသည်။

မကြာသေးမီက ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ အရှိန်အဟုန်မြင့်မားလာခဲ့ပြီး ပဋိပက္ခ၏ ဒဏ်ကိုအရပ်သားများက အများဆုံးခံစားနေကြရသူများဖြစ်ကြောင်း၊ အရပ်သားများသည် ကြီးမားသည့် အန္တရာယ်များနှင့်ရင်ဆိုင်နေကြရသလို၊ စားနပ်ရိက္ခာမလုံလောက်မှုကိုလည်း ပြင်းပြင်းထန်ထန် ခံစားနေရ ကြောင်း၊၄င်းအပြင် အရေးကြီးသည့်အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများသည် လုံးလုံးလျားလျား ပြိုလဲလုနီးပါးအခြေအနေတို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပဋိပက္ခအတွင်း ပါဝင် ပတ်သက်နေသူ အားလုံးသည်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေပါအတိုင်းလိုက်နာကြရန်၊အရပ်သားများ၏ အသ်အိုးအိမ်စည်းစိမ်နှင့် အရပ်ဘက်ဆိုင်ရာပိုင်ဆိုင်မှု အဆောက် အအုံများ၊ ပစ္စည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို အကာအကွယ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို လိုအပ်နေသူများထံပေးပို့ရာတွင် ကန့်သတ် တားဆီးခြင်းမပြုဘဲ၊ လွယ်ကူချောမွေ့စွာ ပေးအပ်နိုင်ရေးကိုလည်း လူသားချင်းစာနာထောက်ထားမှုအသိုက်အဝန်းကပဋိပက္ခအတွင်း ပါဝင် ပတ်သက်နေသူ အားလုံးထံထပ်လောင်း တောင်းဆိုပါ ကြောင်း၄င်းက ပြောကြားခဲ့သည်။ Source/UNOCHA Myanmar

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.