Preview

တိုက်ပွဲကာလအတွင်း မောင်တောမြို့ပေါ်မှာထက် အောင်ဗလရွာတွင်ဖျက်ဆီးခံရမှုပိုများပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ

နောင်မင်းသူ | ဇန်နဝါရီ ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :485
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇန်နဝါရီ ၂၄ /၂၀၂၅

တိုက်ပွဲကာလအတွင်းရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့ပေါ်ထက်မြို့ပြင်တွင်တည်ရှိသည့် အောင်ဗလ(ရခိုင်)ရွာတွင်ဖျက်ဆီးခံရမှု ပိုများပြီး  လူနေအိမ် ၁၃၀ကျော်ရှိရာတွင် ၁၀၀ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟုကျေးရွာသားများကပြောသည်။

 အောင်ဗလကျေးရွာဒေသခံတစ်ဦးက " စစ်တပ်၊ ARSA အဖွဲ့နဲ့သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေကမီးရှို့ခဲ့တာပါ။ကျွန်တော်တို့ အောင်ဗလကျေးရွာမှာ လူနေအိမ် ၁၃၀ ကျော်ရှိတယ်။မီးမလောင်ဘဲကျန်ခဲ့တာ ၁၁ အိမ်ပဲ ကျန်တယ်။ အိမ် ၁၀၀ ကျော်အထိမီးရှို့ဖျက်ဆီးခံခဲ့ကြရတယ်။ အခုမြို့ထဲကိုဝင်ရင်လည်း နေစရာနေရာမရှိကြဘူး။ဖြစ်သလို တဲထိုးပြီးနေထိုင်နေကြရတယ်"ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ဇူလိုင် ၁၁ ရက်၊ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ARSA အပါအဝင် င်းတို့ စစ်သင်တန်းပေးထားသော မွတ်ဆလင်လက်ကိုင် အင်အား ၁၀၀ ကျော်ခန့်မှာ ရွှေဇားအုပ်စု၊ အောင်ဗလကျေးရွာသို့ ဝင်ရောက်လာခဲ့ကြပြီးလူနေအိမ်များအား မီးရှို့ခဲ့သလို ရွာထဲ၌ ထွက်မပြေးနိုင်ကြသည့် ရွာသားရှစ်ဦးကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့ကြကြောင်း ၎င်းကဆက်လက်ပြောကြားည်။ သတ်ဖြတ်ခံရသတင်း>> https://burmese.narinjara.com/news/detail/66da8dd7df003c968c3ced81

လက်ရှိတွင် အောင်ဗလကျေးရွာသားများမှာ နေအိမ်များ မရှိတော့၍ မီးလောင်မြေ အိမ်နေရာများတွင် ဖြစ်သလို နေထိုင်နေကြရသည်ဟု ဆိုသည်။

blob
အောင်ဗလကျေးရွာက မီးရှို့ခံ နေအိမ်တစ်လုံး


 






ကျွန်တော်တို့ အောင်ဗလ ကျေးရွာဟာ ဆင်းရဲသား လက်လုပ်လက်စားတွေများပါတယ်။ အာဆာအဖွဲ့က မီးရှို့လုယက်ဖျက်ဆီးတာကို အဓိကလုပ်ခဲ့တာပါ။ မောင်တောမြို့နယ် တိုက်ပွဲအတွင်း အပျက်အစီးအများဆုံးက အောင်ဗလကျေးရွာပါ။ မောင်တောမြို့ပေါ်မှာတောင် ဒီလောက်မများပါဘူး။ ကျွန်တော်တို့က အထိအခိုက်အများဆုံးဖြစ်ပေမယ့် ကျွန်တော်တို့ကို  အာရုံစူးစိုက်မှု မခံရဘူး။ ဒီဆုံးရှုံးမှုတွေအတွက် တရားမျှတမှုကိုတော့ လိုချင်ပါတယ်ဟု ၎င်းက ပြောသည်။  

မောင်တောမြို့အနီးကျေးရွာ/ရပ်ကွက်များအနက် အောင်ဗလ(ရခိုင်)ကျေးရွာမှာ တိုက်ပွဲကာလမီးလောင်မှုအများဆုံးဖြစ်ပြီး လူအသေအပျောက်အများဆုံးဖြစ်ခဲ့ရကြောင်း ဒေသခံစစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောဆိုသည်။

"အခု မောင်တော စစ်ပွဲကာလမှာ အောင်ဗလ(ရခိုင်)ရွာကမီးလောင်မှုအများဆုံးနဲ့ လူအသတ်ခံရမူ အများဆုံးရွာတစ်ရွာဖြစ်ခဲ့ရတာတွေ့ရတယ်။ ဘုန်းကြီးကျောင်းလည်းတိုက်ပွဲအကြားမှာ အတော်လေးပျက်စီးခဲ့ရတယ်ဒါပေမယ့် အဲဒီရွာရဲ့ အဖြစ်အပျက်က လူတွေ အာရုံစူးစိုက်မှု မခံရဘဲ လူမသိ သူမသိ ပျောက်နေတယ်"ဟု ပြောဆိုသည်။

အောင်ဗလကျေးရွာတွင်အိမ်ခြေ ၁၂၈ အိမ်၊ တိုးချဲ့နေအိမ်ခွဲ ၁၀ အိမ်နှင့် လူဦးရေ ၈၀၀ကျော်ခန့်နေထိုင်ကြပြီး ငါးလုပ်ငန်းနှင့် ငပိလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် တံငါရွာဖြစ်သည်။


အာရက္ခတပ်တော်(AA) သည် နယ်ခြားစောင့် တပ်ဖွဲ့ခွဲ (နခခ-၅)ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပြီးနောက်မောင်တောမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

ဓာတ်ပုံ-မီးရှို့ခံခဲ့ရသည့် အောင်ဗလ(ရခိုင်)ရွာမှ နေအချိုနှင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းအား တွေ့ရစဉ်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.