Preview

၇ခိုင်တွင် စစ်ကောင်စီ၏စစ်သင်္ဘော (၂)စီးနှင့် ဇက်သင်္ဘော (၁)စီးအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင်ရက္ခိုင့်တပ်တော်နှင့်အတူ ပါဝင်ခဲ့ကြောင်း Generation Z Army ထုတ်ပြန်

မတ် ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :11368
ပြည်တွင်း သတင်း

၇ခိုင်တွင် စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး နှင့် ဇက်သင်္ဘော (၁) စီးအားတိုက်ခိုက် သိမ်းပိုက်ခဲ့ရာတွင် ရက္ခိုင့်တပ်တော်(AA) နှင့်အတူ စစ်ပွဲအတွေ့အကြုံယူ ပါဝင်ခဲ့ကြောင်း Generation Z Army အဖွဲ့မှ မတ်လ ရ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၇/၈) ရက်နေ့များတွင်ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ ကျေးရွာအနီးတွင်ရက္ခိုင့် တပ်တော်မှ ရဲဝံ့ပြတ်သားစွာတိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး နှင့် ဇက်သင်္ဘော (၁) စီးတို့အားသိမ်းပိုက်နိုင်ခဲ့ကြောင်း၊၎င်းနောက် ကျောက်တော်မြို့ အခြေစိုက် စစ်ကောင်စီ၏တပ်မဌာနချုပ် စကခ(၉)၊ ခမ၇(၃၇၄)/(၃၇၅)/(၃၇၆)တို့ အား ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ကမ္ဘာသိ သတင်းတစ်ပုဒ်အဖြစ် သိရှိခဲ့ကြပြီဖြစ်ကြောင်းလည်း Generation Z Army ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင့်တပ်တော်၏ စစ်ရေးအောင်မြင်မှု၊ ထိုးစစ်များနှင့် ကမ္ဘာသိသတင်းများအတွင်းတွင် မိမိတို့ Generation ZArmy(GZ တပ်တော်)မှ စစ်ပညာသင်ယူခွင့်၊ တိုက်ပွဲအတွေ့အကြုံများကို ရယူနိုင်ခဲ့သည်မှာ မိမိတို့ကဲ့သို့သော သေးငယ်သော အဖွဲ့အစည်းများအတွက် တန်ဖိုးဖြတ်မရသည့် အတွေ့အကြုံဖြစ်ခဲ့ပြီး ဤကဲ့သို့ အတွေ့အကြုံရရှိစေရန် အခွင့်အရေးပေးခဲ့သော အဖွဲ့အစည်းကို ကျေးဇူးတင်ရှိကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


ထို့အပြင် မိမိတို့ ရရှိခဲ့သောတိုက်ပွဲ၊ တော်လှန်ရေးအတွေ့အကြုံများကို မိမိတို့အဖွဲ့အစည်းအတွင်း လက်ဆင့်ကမ်းမျှဝေရင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပို၍ ပို၍ ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း Generation Z Army မှထုတ်ပြန်ထားသည်။

GenerationZ Army(GZတပ်တော်) သည် မြန်မာပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရန်နှင့် မြန်မာတပြည်လုံး စစ်ကျွန်ဘ၀မှလွတ်မြောက်၍ လူသား တစ်ဦးချင်းစီအလိုက်မွေးရာ ပါအခွင့်အရေးများအပြည့် အဝခံစားရရှိစေရန်ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထို့အပြင် မိမိတို့သည်မည်သည့်အဖွဲအစည်း၏ လက်အောက်ခံမဟုတ်ဘဲ ခိုင်မာသောတော်လှန်ရေး စိတ်ဓာတ်အပြည့်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြသောအဖွဲ့ အစည်း ဖြစ်ကြောင်း  GenerationZ Army မှထုတ်ပြန် ကြေညာထားသည်။

GenerationZ Army အဖွဲ့သည် စစ်ကိုင်းတိုင်း ဝက်လက်နယ် အခြေပြု G Z Special TaskForce – Wetlet  မှ Generation Z Army အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ် ကြောင်းသိ၇သည်။NN-20

 ဓာတ်ပုံ- Generation ZArmy

#စစ်ကောင်စီ#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.