Preview

မြန်မာနိုင်ငံတွင်တည်ငြိမ်အေးချမ်းမှု မကြာမီ ပြန်လည်ရရှိမည်ဟုတရုတ်မျှော်လင့်

ဂျွန်နသန် | နိုဝင်ဘာ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :1072
ပြည်တွင်း သတင်း

(မြန်မာပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခ တွင် ပါ၀င်ပတ်သက်သူအားလုံးတိုက်ပွဲများရပ်တန့်ရန်နှင့်ဆွေးနွေးညှိနှိုင်းမှုများမှတဆင့် ပြဿနာများဖြေရှင်းကြရန်တရုတ်ကပြောဆို)

ဂျွန်နသန်၊ နိရဉ္စရာ၊ နိုဝင်ဘာ ၂၆/၂၀၂၄

မြန်မာနိုင်ငံတွင်တည်ငြိမ်အေးချမ်းမှုမကြာမီ ပြန်လည်ရရှိမည်ဟုမျှော်လင့်ကြောင်းနှင့် မြန်မာပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခ တွင် ပါ၀င်ပတ်သက်သူအားလုံးတိုက်ပွဲများရပ်တန့်ရန်နှင့်ဆွေးနွေးညှိနှိုင်းမှုများမှတဆင့် ပြဿနာများဖြေရှင်းကြရန်တရုတ်ကပြောဆိုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ Mao Ning က ယနေ့နိုဝင်ဘာ(၂၆)တွင်ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံ တွင်ဖြစ်ပွားနေသည့် စစ်ပွဲများနှင့်မတည်ငြိမ်မှုများဖြစ်အပေါ်တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊မြန်မာပြည် မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခ တွင် ပါ၀င်ပတ်သက်သူအားလုံးသည် တိုက်ပွဲများရပ်တန့်ရန်နှင့်ဆွေးနွေး ညှိနှိုင်းမှုများ မှတဆင့် ပြဿနာများကိုဖြေရှင်းကြရန်၎င်းက ပြောဆိုသည်။

"ရင်းနှီးခင်မင်တဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မှာ ဖြစ်ပျက်နေတဲ့ အဖြစ် အပျက်တွေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း အခြေအနေတွေကို အလေးအနက်ထားပြီး အာရုံစိုက်လျက်ရှိနေပါတယ်။မြန်မာနိုင်ငံ မှာ စစ်ပွဲများနဲ့ မတည်ငြိမ်မှုများဖြစ်ပွားနေမှုအပေါ်တရုတ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ မြန်မာ နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုကို မကြာမီ ပြန်လည်ရရှိမယ်လို့ မျှော်လင့်ပါတယ်"ဟု ၄င်းကပြောဆိုခဲ့သည်။

မြန်မာပြည် မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိပက္ခ တွင် ပါ၀င်ပတ်သက်သူအားလုံးသည် တိုက်ပွဲများ ရပ်တန့်ရန်၊ ဆွေးနွေး ညှိနှိုင်းမှုများ မှတဆင့် ပြဿနာများ ဖြေရှင်းရန်နှင့် မြန်မာပြည် မြောက်ပိုင်း အခြေအနေ တည်ငြိမ်အေးချမ်းလာ စေရန် ပူးပေါင်း လုပ်ဆောင်ကြရန် ကျွန်ုပ်တို့က တိုက်တွန်း လျက်ရှိပါ ကြောင်း ၄င်းကဆက်လက်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများကို တက်ကြွစွာဖြင့် ဆက်လက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစွမ်းကုန် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရပ်ဆိုင်းဖို့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ TNLA အဖွဲ့က နိုဝင်ဘာ(၂၅)ရက်က ပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံဟာ TNLA နဲ့ တပ်မတော်အကြား ဆွေးနွေးပွဲတွေ ကို အရင် က ကြားဝင်စေ့စပ်ပေးခဲ့ပြီးဖြစ်တဲ့အတွက် နောက်ထပ် ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်ထားခြင်းရှိ၊ ဒါမဟုတ် ဆွေးနွေးပွဲအတွက် တိုးတက်မှုတစ်စုံတစ်ရာ ရှိမရှိကို ပြောပြနိုင်ပါသလား" ဆိုသည့်AFP သတင်းဌာန၏မေးမြန်းမှုအပေါ် ၄င်းကအထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Source/တရုတ်နိုင်ငံခြားရေးဌာန

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.