Preview

မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် အာဖဂန်နစ္စတန်နိုင်ငံထက် နှစ်ဆပိုများလာကာကမ္ဘာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေ

ဂျွန်နသန် | ဒီဇင်ဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :650
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၂/ ၂၀၂၄

 ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် အာဖဂန်နစ္စတန်နိုင်ငံထက် နှစ်ဆပိုများလာကာကမ္ဘာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်းUNODC ၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံဘိန်းစိုက်ပျိုးထုတ်လုပ်မှု နှင့်ပတ်သက်ပြီး UNODC က ထုတ်ပြန်ခဲ့သည့် စစ်တမ်းများအရ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် အာဖဂန်နစ္စတန်နိုင်ငံထက် နှစ်ဆပိုမိုများပြားလာကာကမ္ဘာ့ဘိန်းထုတ်လုပ်သည့်အများဆုံးနိုင်ငံ အဖြစ်ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုသည်(၄၇,၁၀၀)ဟက်တာ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်  (၄၅,၂၀၀) ဟက်တာ ရှိခဲ့သည့်အတွက်ဘိန်းစိုက်ပျိုးမှုသည် ၄% ကျဆင်းခဲ့သည်။

ထို့အပြင်၂၀၂၃ ခုနှစ်တွင် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် (၁,၀၈၀) ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တန်ချိန် (၉၉၅) ရှိခဲ့သည့်အတွက် ဘိန်းထုတ်လုပ်မှုသည် ၈% ကျဆင်းခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက် တွင် ထုတ်ပြန်ခဲ့သည် မြန်မာနိုင်ငံဘိန်းစစ်တမ်း အစီရင်ခံစာတွင်အထက်ပါအတိုင်းဖော်ပြထားသည်ကိုတွေ့ရသည်။

ယခင်က အာဖဂန်နစ္စတန်နိုင်ငံသ ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။

သို့ရာတွင် အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၂၂ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးမှုကို တားမြစ်ပိတ်ပင်လိုက်သည့်အတွက်ဘိန်းထုတ်လုပ်မှုသည် သိသိသာသာ ကျဆင်းသွားခဲ့ပြီး ၊ ၂၀၂၃ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ်ရပ်တည်လာခဲ့ခြင်းဖြစ်သည်။ Source/UNODC

#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.