Preview

ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တို့ ရခိုင်အရေး ဘာတွေဆွေးနွေးခဲ့ကြသလဲ

ဂျွန်နသန် | ဒီဇင်ဘာ ၂၀/ ၂၀၂၄ | ကြည့်ရှုသူ :2215
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၉/ ၂၀၂၄

ထိုင်းနိုင်ငံ၏ အစီအစဉ်ဖြင့် ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ (၁၉)ရက်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲတွင် မြန်မာနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊  လာအိုနှင် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။  

မြန်မာနိုင်ငံမှ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးပုဂ္ဂိုလ်မစ္စတာ မိုဟာမက် တိုဟိဒ်ဟူစိန်တို့လည်းတက်ရောက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးပုဂ္ဂိုလ်မစ္စတာ မိုဟာမက် တိုဟိဒ်ဟူစိန်ဆွေးနွေးတင်ပြမှုကို  Dhaka Tribune တွင် Bangladesh, Myanmar agree to cooperate despite Rohingya differences ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြလာပါသည်။

အဆိုပါ သတင်းပါ အကြောင်းအရာများအား မူရင်းအသုံးအနှုန်းအတိုင်း သတင်းစာဆရာ ဂျွန်နသန်မှ ဘာသာပြန်ပြီး တင်ပြပေးလိုက်ပါသည်။

-----

“ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့ရခိုင်နှင့် ရိုဟင်ဂျာအရေးဆွေးနွေးခဲ့။ရိုဟင်ဂျာ အကြပ်အတည်းကို ဖြေရှင်းရန်နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူညီခဲ့”

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့သည်ရခိုင်ပြည်နယ် အခြေအနေနှင့် ဒုက္ခသည်အရေးကိစ္စများကိုဆွေးနွေးခဲ့ကြပြီး၊ရိုဟင်ဂျာ အကြပ်အတည်းကို ဖြေရှင်းရန်အတွက်နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးပုဂ္ဂိုလ် က ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့သည် နှစ်နိုင်ငံအကြား အစောပိုင်းကာလများကသဘောတူထားခဲ့ပြီးဖြစ်သည့် အစီအစဥ်များ အတိုင်း ရိုဟင်ဂျာ အကြပ်အတည်းကို ဖြေရှင်းရန် နှစ်နိုင်ငံအကြားဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးပုဂ္ဂိုလ်မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန် က ပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီးထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်း ၊ (၆)နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲအပြီးပြုလုပ်သည့် ဆက်စပ်အစည်းအဝေးဖြစ်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးခဲ့ရာတွင် ရိုဟင်ဂျာ ကိစ္စရပ်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင်မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် အကျိုးစီးပွား ပူးပေါင်းဆောင်ရွက်ရန်နှင့် ယခင်က နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း ရိုဟင်ဂျာအရေးကို ပူးပေါင်း ဖြေရှင်းကြရန် သဘောတူခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲ အတွင်း ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် နေရပ် ပြန်နိုင်ရေး အချိန်ကာလသတ်မှတ်ချက် ရှိသည့် မြန်မာအာဏာပိုင်များ၏ ဖြစ်နိုင်သည့်လမ်းပြမြေပုံ အရေးကြီးပုံကိုလည်း ဆွေးနွေးခဲ့ကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးပုဂ္ဂိုလ်မစ္စတာ မိုဟာမက်တိုဟိဒ်ဟူစိန် ကဆက်လက်ပြောဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဦးသန်းဆွေ ကမြန်မာနိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊၂၀၂၅ ခုနှစ်တွင် မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက်ကြိုးပမ်းဆောင်ရွက်နေမှုများ ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးနှင့် ရခိုင်ပြည်နယ်အပါအ၀င်၊ နေရပ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်လက်ခံရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ယနေ့ (ဒီဇင်ဘာ(၁၉)ရက်)ညနေ (၅) နာရီတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန် နှင့်တွေ့ဆုံခဲ့ကြောင်းသာဖော်ပြခဲ့ပြီး မည်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဆိုသည့်အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

Source/Dhaka Tribune

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.