ဂျွန်နသန်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈/ ၂၀၂၅
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းအကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာနိုင်ငံတစ်၀န်းတွင် အမျိုးသမီး (၈၆) ဦး သေဆုံးခဲ့ရပြီး၊ရခိုင်ပြည်နယ်တွင် အမျိုးသမီး(၃၉) ဦးသေ ဆုံးခဲ့ရာ သေဆုံးမှုအများဆုံးပြည်နယ်ဖြစ်ခဲ့ကြောင်းမြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၏ ထုတ်ပြန်ချက်အရသိရသည်။
မြန်မာ့ အမျိုး သမီး သမဂ္ဂ(BWU)၏ အချက်အလက်ကောက်ယူမှတ်တမ်း တင်မှုများအရ ၂၀၂၅ခုနှစ်ဇန်နဝါရီလအတွင်းအသက်ဆုံးရှုံး ခဲ့သည့် အမျိုး သမီး ဦး ရေ သည် ရခိုင်ပြ ည်နယ်တွင်(၃၉) ဦး ၊ ရှမ်း ပြ ည်နယ်မှ (၁၁) ဦး ၊ စစ်ကိုင်း ဒေ သကြီး မှ (၁၀) ဦး တို့ ဖြင့်အစဥ်လိုက်ရပ်တည်နေပြီး၊ ရခိုင်ပြ ည်နယ် သည် သေ ဆုံး မှု အများ ဆုံးပြည်နယ်ဖြစ်ခဲ့သည်။
ယခုလတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်းကို ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ကို တွေ့ရှိရသည်ဟု BWU က ပြောဆိုသည် ။
အကြ မ်း ဖက်စစ်အုပ်စု အာ ဏာ သိမ်း ခဲ့ မှုသည် (၄) နှစ်ပြ ည့်ခဲ့ပြီ ဖြ စ်ကြောင်းအကြမ်းဖက် စစ်အုပ်စုသည် စစ်ရာ ဇဝတ်မှုနှင့် လူသား မျိုး နွယ်များ အပေါ်ကျူး လွန်သော ရာ ဇဝတ်မှုများ အပါ အဝင် အမျိုး မျိုး သော လူ့အခွင့်အရေး ချိုး ဖော က်မှုများ ကို နည်း မျိုး စုံဖြ င့် ဆက်လက် ကျူး လွန်နေ ခြ င်း ကြော င့် အမျိုး သမီး များ သည်လည်းနေ့ စဉ်နှင့်အမျှ အသက်ဆုံး ရှုံး နေ ရကြောင်း BWU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။