Preview

မြန်မာနိုင်ငံ အပါအ၀င်နိုင်ငံပေါင်း(၁၀)နိုင်ငံသို့ခရီးသွားခြင်းမပြုရန် သြစတြေးလျက သတိပေးချက် ထုတ်ပြန်

ဂျွန်နသန် | မတ် ၂၂/ ၂၀၂၅ | ကြည့်ရှုသူ :1458
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ မတ် ၂၂/ ၂၀၂၅

ခရီးသွားများအတွက် အန္တရာယ်များသည့် မြန်မာနိုင်ငံ အပါအ၀င်နိုင်ငံပေါင်း(၁၀) နိုင်ငံသို့ခရီးသွားခြင်းမပြုရန် သြစတြေးလျနိုင်ငံက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများရင်ဆိုင်ကြုံတွေ့နေရသည့်မြန်မာ၊ ရုရှား၊ မြောက်ကိုးရီးယား၊ဗင်နီဇွဲလား၊ ဟေတီ၊ အီရန် ၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်းနှင့် လစ်ဗျားနိုင်ငံများသို့ခရီးသွားခြင်းမပြုရန်သြစတြေးလျနိုင်ငံက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း Travel and Tour World က မတ်လ(၂၂)ရက်တွင်သတင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်တွင်းမငြိမ်မသက်မှုများကြောင့် သြစတြေးလျနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးသွားခြင်းမပြုရန်ဩစတြေးလျအစိုးရက သတိပေးချက်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

၂၀၂၁ခုနှစ်တွင်မြန်မာ စစ်တပ်က အာဏာသိမ်းပြီးကတည်းကစတင်ပြီး မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် သိသိသာသာ ကျဆင်းလာသည်ကို တွေ့မြင်နေရကြောင်း၊ နိုင်ငံအတွင်း မငြိမ်မသက်ဖြစ်ပွားနေခြင်း ၊ နိုင်ငံ၏ အခြေအနေသည် လည်း မှန်းဆရန်ခက်ခဲခြင်း တို့ကြောင့် မြန်မာနိုင်ငံဆီခရီးမသွားကြဖို့ဩစတြေးလျအစိုးရက ပြင်းထန်စွာအကြံပြုထားသည်ကိုတွေ့ရသည်။

ဩစတြေးလျ နိုင်ငံခြားရေးရာနှင့် ကုန်သွယ်မှုဌာန (DFAT) မှဖော်ပြထားသည့် ခရီးသွားလာရေး လမ်းညွှန်ချက်များနှင့် သတိပေးချက်များ သည် ခရီးသွားများအတွက် လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်ရုံမျှသာမကဘဲ အဆိုပါဒေသများရှိ ခရီးသွားလုပ်ငန်း များ ပြန်လည်ဦးမော့လာ စေ မည့် မျှော်မှန်းထားချက်များအတွက် လည်းဆုတ်ယုတ်မှုတစ်ခုဖြစ်သည်။

ခရီးသွားများအတွက်အန္တရာယ်များသည့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၁၀)နိုင်ငံ သို့ ခရီးမသွားရန်သြစတြေးလျ၏သတိပေးချက်သည်ခရီးသွားလုပ်ငန်းများကိုရပ်တန့်ခြင်း၊ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းခြင်း၊ ခရီးစဉ်များ ဖျက်သိမ်းခြင်း တို့ ပါ၀င်ကြောင်းရည် ညွှန်း ပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။

ယင်းအပြင် ပဋိပက္ခနှင့် မငြိမ်သက်မှုများ သည် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းကို ထိခိုက် ပြောင်းလဲသွားစေနိုင်ကြောင်းကိုလည်းညွှန်းဆိုပြသနေသည်။ Source/Travel and Tour World and Photo/RFA

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.