Preview

AA ၏ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့တို့ကို သိမ်းပိုက်ရန်အတွက်ကြီးမားပြင်းထန်သည့် ထိုးစစ်မတိုင်ခင်အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးဒါကာသို့ရောက်ရှိလာ

ဂျွန်နသန် | မတ် ၂၅/ ၂၀၂၅ | ကြည့်ရှုသူ :4656
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ မတ် ၂၅/ ၂၀၂၅

အာရက္ခတပ်တော် (AA)၏စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့တို့ကို သိမ်းပိုက်ရန်အတွက်ကြီးမားပြင်းထန်သည့် ထိုးစစ်မတိုင်ခင်အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့်အဖွဲ့သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏မြို့တော် ဒါကာမြို့သို့မတ် (၂၄) ရက်ညပိုင်းတွင်ရောက်ရှိလာခဲ့ကြောင်း Bangladesh Development Report မှ သတင်းဖော်ပြသည်။

ဟာဝိုင်အီအခြေစိုက်၊ အမေရိကန်ပစိဖိတ် စစ်ဌာနချုပ် (USARPAC) ၏ ဒုတိယကွပ်ကဲရေးမှူးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး Joel 'JB' Vowell ဦးဆောင်ပြီး၊ထိပ်တန်းအရာရှိ(၄)ဦးပါ အဖွဲ့သည် Dhaka's Hazrat Shah Jalal အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ(၂၄) ရက်၊ ည (၁၀) နာရီဝန်းကျင်တွင် ရောက်ရှိလာ ခဲ့ကြောင်းBDRE Report က သတင်းဖော်ပြသည်။

အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် အဖွဲ့သည် မတ်လ(၂၅)ရက်တွင် ဘင်္ဂလားဒေ့ရှ် တပ်မတော် ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာစစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေသည့်အာရက္ခတပ်တော်(AA)၏စစ်ရေး လှုပ်ရှားမှုများ (ထိုးစစ်ဆင်မှုများ) မကြာမီ စတင်လာမည်ဟု မျှော်လင့်ရသည့်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် (ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း) တွင် ကာကွယ်ရေးနှင့်လုံခြုံရေး အစီအမံများ ပိုမို ခိုင်မာစေရန် ရည်ရွယ်ပြီး တွေ့ဆုံကြခြင်းလည်းဖြစ်ကြောင်း NE News ကလည်းသတင်း ဖော်ပြသည်။

blob

ဒုဗိုလ်ချုပ်ကြီး Vowell သည် အီရတ်နှင့်အာဖဂန်နစ္စတန်စစ်မြေပြင်တွင် အတွေ့အကြုံများစွာရှိသူဖြစ်ပြီး၄င်း သည် အာဖဂန်နစ္စတန်တွင် သုံးကြိမ်နှင့် အီရတ်တွင် နှစ်ကြိမ် တိုက်ခိုက်ရေးတာ၀န်များကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

၄င်းသည် မတ်လ (၂၅)ရက်တွင် ပင် ဒါကာမှ ဟာဝါအီ သို့ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Vowell ၏ ဒါကာခရီးစဉ်သည် AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ လက်ကျန်မြို့သုံးမြို့ဖြစ်သည့် မြန်မာစစ်တပ်ကဆက်လက်ခုခံနေ သည့်စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့တို့ကို သိမ်းပိုက်ရန် အတွက်ကြီးမားပြင်းထန်သည့် ထိုးစစ်ကြီးစတင်ရန်စီစဉ်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာရေးရာ(စစ်ရေး) လေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုက်ခတ် လာမည်ဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း AAအနေဖြင့် ထောက်ပံ့ရေးလမ်းကြောင်းများလိုအပ်လာမည်ဖြစ်သည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ တပ်ဖြန့်ချထားမှုများကို သေချာပေါက်တိုးချဲ့ချထားသွားရမည်ဖြစ်ကြောင်း ဒါကာအခြေစိုက် ပထဝီနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

" ဘင်္ဂလားဒေ့ရှ် စစ်တပ်ကို ဘယ်လိုအကူအညီမျိုး ထောက်ပံ့ ပေးနိုင်မလဲဆိုတာ၊အမေရိကန် စစ်ဘက်အရာရှိတွေက ခြုံငုံ သုံးသပ်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်နိုင်ပါတယ်” ဟု ၄င်းကဆက်လက်ပြောဆိုသည်။

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.