နိရဉ္စရာ၊ မေ ၂၄/၂၀၂၅
မြန်မာ့ကမ်းရိုးတန်းအနီးမေလ(၉)ရက်နှင့် (၁၀) ရက်တို့တွင် ဖြစ်ပွားခဲ့သည့် စက်လှေ နှစ်စီးနစ်မြုပ်ခဲ့မှုဖြစ်စဥ် အတွင်း ရိုဟင်ဂျာဒုက္ခသည် (၄၂၇) ဦး သေဆုံးခဲ့သည့်အတွက်အလွန်အမင်းထိတ်လန့်တုန်လှုပ်မိကြောင်းကုလသမဂ္ဂကပြောဆိုသည်။
ကနဦးတွေ့ရှိချက်များအရ မေလ (၉) ရက်နေ့တွင် လူ (၂၆၇) ဦး တင်ဆောင်သည့်စက်လှေတစ်စင်း နစ်မြုပ်ခဲ့ရာ အသက်ရှင် ကျန်ရစ်သူ (၆၆)ဦးသာ ရှိပြီး ၊နောက်တစ်နေ့ ( မေလ ၁၀ ရက်နေ့) တွင် လူ(၂၄၇) ဦး တင်ဆောင်လာခဲ့သည့်စက်လှေတစ်စီးထပ်မံ နစ်မြုပ်ခဲ့ရာ လူ(၂၁)ဦးသာ အသက်ရှင်ခဲ့ ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)က မေလ(၂၃)ရက်ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းဖြစ်ရပ်သည်ယခုနှစ်အတွင်း ပင်လယ်ပြင် မတော်တဆမှု အတွင်းရိုဟင်ဂျာများအသေအပျောက်အများဆုံးဖြစ်နိုင်သည်ကြောင်း၊ ၂၀၂၄ ခုနှစ် အတွင်းကလည်းရိုဟင်ဂျာ (၆၅၇) ဦး သည် ပင်လယ်ပြင်တွင်သေဆုံးခဲ့ရသည်ဟု UNHCR ကခန့်မှန်းထားသည်ဟု UNB ကဖော်ပြသည်။
အဆိုပါ စက်လှေများပေါ်ရှိ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ကော့ဘဇား ဒုက္ခသည် စခန်းများ၊ သို့မဟုတ် မြန်မာနိုင်ငံအနောက်ဘက်၊ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများမှထွက်ပြေးလာကြသူများခြင်းဖြစ်သည်ဟု UNHCR မှ ပြောကြားခဲ့သည်။
UNHCR ကော်မရှင်နာ Filippo Grandi က အဆိုပါ ဖြစ်ရပ်ဆိုးသည် ရိုဟင်ဂျာများ၏ကြေကွဲဖွယ်အတိဒုက္ခအခြေအနေနှင့် အထူးသဖြင့် နိုင်ငံတကာ အကူအညီများလျော့နည်းလာခြင်းကြောင့်၎င်းတို့ပိုမိုရင်ဆိုင်နေကြရသည့်စိန်ခေါ်မှုများကို မီးမောင်းထိုးပြနေခြင်းဖြစ် ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများသည်ဆယ်စုနှစ်များစွာ စနစ်တကျ ဖိနှိပ်ညှဉ်းပန်းမှုများခံခဲ့ရပြီးနောက် သိန်းနှင့်ချီသော ရိုဟင်ဂျာများသည်နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရပြီး ဘေးကင်းလုံခြုံရေးအတွက် ၊အန္တရာယ်များသော ပင်လယ် ရေလမ်းကြောင်း ကိုမကြာခဏဆိုသလို အသုံးပြုခဲ့ကြသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းတမ်းစွာနှိမ်နှင်းမှုများကြောင့် သိန်းချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးခဲ့ရသည်။
ယခုအခါ (၁၈၀,၀၀၀) ခန့်သည်မြန်မာနိုင်ငံသို့အတင်းအကြပ်ပြန်လည်ပို့ဆောင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီးရခိုင်ပြည်နယ်တွင် ကျန်ရှိနေသူများမှာလည်း ဆိုးရွားသော အခြေအနေများတွင်ပိတ်မိနေဆဲဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ရွေးကောက်ခံဒီမိုကရေစီ အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီးရခိုင်ပြည်နယ်တွင် စစ်အစိုးရနှင့် အာရက္ခတပ်တော်ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပဋိပက္ခများပိုမို ပြင်းထန်လာခဲ့သည်။ Source/ United News of Bangladesh (UNB) and Photo/UNHCR