Preview

AA နှင့် ဆက်သွယ်ခဲ့မှုအပေါ် မြန်မာစစ်အစိုးရက ကန့်ကွက်ခဲ့ပြီးနောက်ဘင်္ဂလားဒေ့ရှ် အစိုးရက၄င်း၏ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူ

ဂျွန်နသန် | မေ ၂၉/ ၂၀၂၅ | ကြည့်ရှုသူ :6240
ပြည်တွင်း သတင်း

နိရဉ္စရာ၊ မေ ၂၉/ ၂၀၂၅

ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Md. Monowar Hossain အား ဒါကာသို့ ချက်ခြင်းပြန်လာရန်အမိန့်ထုတ်ပြန်ခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မေ(၂၇) ရက်က အတည်ပြုခဲ့သည်။

AA နှင့် ဆက်သွယ်ခဲ့မှုနှင့်ပတ်သက်ပြီးမြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ၊ အိမ်နီးချင်းနှစ်နိုင်ငံအကြားသံတမန်ရေးတင်းမာမှုများ မြင့်တက်လာပြီးနောက် ၊သံအမတ်ကြီး Hossain ကိုပြန်လည် ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း Banglanews24 က ဖော်ပြချက်အရသိရသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ တာဝန်ရှိသူများနှင့်ရခိုင်ပြည်နယ်ကိုထိန်းချုပ်ထားသည့်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော အာရက္ခတပ်တော် (AA) တို့အကြားဆက်သွယ်ခဲ့မှုနှင့်ပတ်သက်ပြီးမြန်မာစစ်အစိုးရမှ ဘင်္ဂလားဒေ့ရှ်အစိုးရထံတရား၀င် ကန့်ကွက်ခဲ့ပြီးနောက် ပိုင်းယခုကိစ္စရပ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသံတမန်အရင်းအမြစ်များ၏အဆိုအရသိရသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရ၏ တာဝန်ရှိသူများသည် AAနှင့်ဆက်သွယ်ဆောင်ရွက် ခဲ့သည့် အကြောင်း ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အမျိုးသားလုံခြုံရေး အကြံပေးဖြစ်သူ Khalilur Rahman ကလူသိရှင်ကြားထုတ်ဖော်ပြောဆို ခဲ့ပြီးနောက်တွင် အဆိုပါ ကိစ္စရပ်သည်ပေါ်လွင်ထင်ရှားလာခဲ့သည်။

ယင်းကိစ္စရပ်ကိုလက်တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ဒါကာရှိဘင်္ဂလားဒေ့ရှ်အစိုးရထံသို့ တရားဝင်ကန့်ကွက် စာတစ်စောင် ပေးပို့ခဲ့ပြီးယင်းကိစ္စရပ်အပေါ် မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Md. Monowar Hossain Hossain သည်၂၀၂၃ ခုနှစ် ၊ ဩဂုတ်လကတည်းက စတင်ပြီးမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအဖြစ်တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခုလအစောပိုင်းကလည်း ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးတွင်တာဝန်ထမ်းဆောင်နေသောကာကွယ်ရေးအကြံပေး ဗိုလ်မှူးချုပ် Aftab Hossain အားအရေးပေါ်အခြေအနေအရပြန်လည်ခေါ်ယူခဲ့ပြီး ယခုအချိန်ထိ လစ်လပ်သွားသည့်၎င်းနေရာအတွက်အသစ်ဆက်လက်လက်ခံမည့်သူ ကို ထပ်မံခန့်အပ်ခြင်းမရှိသေးပေ။ Source/Banglanews24

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.