Preview

မီဇိုရမ်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြို၍ မြန်မာဒုက္ခသည် (၃)ဦး သေဆုံးပြီး၁ ဦးဒဏ်ရာရ

ဂျွန်နသန် | ဇွန် ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :1679
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇွန် ၁/၂၀၂၅

မီဇိုရမ်ပြည်နယ်တွင် မေ(၃၁)ရက်ကမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ၊မြန်မာဒုက္ခသည် (၃)ဦး သေဆုံးခဲ့ပြီး (၁)ဦးဒဏ်ရာရခဲ့ကြောင်းIndia Today NE ကသတင်းဖော်ပြသည်။

မြန်မာနယ်စပ်အနီး မီဇိုရမ်ပြည်နယ်၏ အရှေ့ဘက်ချန်ဖိုင်ခရိုင်တွင် စနေနေ့ (မေ ၃၁)ရက်အစောပိုင်းကမိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့်မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ Vaphai ရွာတွင် ၄င်းတို့ ငှားရမ်းနေထိုင်သည့်အိမ်သည်မြေများဖုံးလွှမ်းသွားခဲ့ရာမှ အသက် (၃၄) နှစ်မှ (၇၁)နှစ်အကြားရှိ မြန်မာနိုင်ငံသားဒုက္ခသည်(၃) သုံးဦး သေဆုံးကာ ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တာ၀န်ရှိသူက ပြောကြားခဲ့သည်ဟုNE News ကဖော်ပြသည်။

၄င်းတို့သည် မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်ကတည်းကစပြီးမီဇိုရမ်ရှိရွာတွင် ခိုလှုံနေကြသူများဖြစ်ကြောင်းဒဏ်ရာရရှိသူအားအနီးနားရှိ Farkawn ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းအဆိုပါတာ၀န်ရှိသူက ပြောကြားချက်အရသိရသည်။

အခြားသီးခြားဖြစ်ရပ်တစ်ခုတွင်၊ မီဇိုရမ် ပြည်နယ်၏မြို့တော် အိုင်ဇောမှ (၁၁၄)ကီလိုမီတာအကွာရှိ Serchhip ခရိုင်တွင် မေ(၃၁)ရက်က မြေပြိုမှုကြောင့်အသက် (၅၃) နှစ်အရွယ် အမျိုးသားတစ်ဦး သည် ဒဏ်ရာများဖြင့် Serchhip ခရိုင်ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ၊မေ(၃၀)ရက်ကလည်း မြို့တော်အိုင်ဇော၏ Thuampui တွင် အလုပ်သမားစခန်းတစ်ခု၊ နံရံပြိုကျမှုကြောင့် အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုအဆိုပါ  တာဝန်ရှိသူများကဆက်လက် ပြောဆိုခဲ့သည်။

ထို့ကြောင့် မီဇိုရမ်တွင် မြေပြိုမှုကြောင့်မေ(၃၁)ရက်အထိသေဆုံးရသူပေါင်း(၅)ဦးအထိရှိလာခဲ့ပြီဖြစ်သည်။

မေ(၃၁)ရက်တွင်ပြည်နယ်တစ်ဝှမ်း မြေပြိုမှုပေါင်း (၁၄၇) ခုဖြစ်ပွားခဲ့ပြီးအနည်းဆုံး လူနေအိမ် (၅၆) လုံး ပျက်စီးခဲ့ကြောင်း ပြည်နယ်အရေးပေါ်လုပ်ငန်းစင်တာမှ ထုတ်ပြန်ချက်အရသိရသည်။

မြေပြိုမှုများကြောင့်အဝေးပြေးလမ်းမကြီး၏နေရာ (၆၉) နေရာတွင် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း၊မိသားစု(၆၃) စုကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်နယ်၏တောင်ပိုင်းသို့ ခရီးသွားကြမည့် ခရီးသွား အများအပြားသည်မြေပြိုမှုကြောင့်အဝေးပြေးလမ်းမကြီး ပျက်စီးသွားပြီးနောက် ဆားချစ်ပ်မြို့၌ သောင်တင်နေခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Source/India Today NE

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.