စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မြဝတီတိုက်ပွဲ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ဒေသခံတွေ နှစ်ရာကျော် ထိုင်းဘက် ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 30

နိရဉ္စရာ၊ ဧပြီ ၂၀ / ၂၀၂၄

ဒီသတင်းပတ်အတွင်းမှာ ထိုင်းနိုင်ငံအစိုးရပါ အာရုံစိုက်လေးထားနေရတဲ့ မြဝတီမြို့ တိုက်ပွဲဟာ တစ်ရက်ထက် တစ်ရက်ပိုပြင်းထန်လာနေပါတယ်။
ဒီနေ့ ဧပြီ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်အထိ ထိုင်း-မြန်မာနယ်စပ် မြဝတီအမှတ် (၂) အနီးမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် အနီးအနားက ဒေသခံနှစ်ရာချီ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်စစ်ရေးသတင်း အရင်းအမြစ်က နိရဉ္စရာ ကိုအတည်ပြုပါတယ်။

မြန်မာဘက်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက် မဲဆောက်ဘက် ဝမ်တာကန်မှာ စခန်း နှစ်ခု ဖွင့်လှစ်ပေးထားပြီး ထိုင်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လိုအပ်တာတွေကို အကူအညီတွေ ပေးနေပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews