သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မင်းပြားမြို့ကို စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲနေ (ရုပ်/သံ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 32

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။

မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းဟောင်းတွေဖြစ်ကြတဲ့ ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁) တို့ကို စစ်ကောင်စီက ဒီနေ့ နေ့လယ် ၁၁ နာရီခွဲလောက်မှာ ဗုံးလာကြဲသွားတယ်လို့ မြို့ခံတစ်ယောက်က နိရဉ္စရာကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း စစ်လေယာဥ်နဲ့ ဗုံးလာကြဲခဲ့လို့ စျေးဟောင်းပိုင်းရပ်ကွက်က ရဲစခန်းနဲ့ သပြေညို ရပ်ကွက်မှာ ဗုံးတွေ ကျရောက်ခဲ့ပြီး သပြေညိုရပ်ကွက်က နေအိမ် ၅ လုံးမီးလောင်ခဲ့ကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့ပါတယ်။

ဒါအပြင် အဲဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ကလည်း စစ်တွေမြို့ ရဲတပ်ရင်း ၁၂ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် မင်းပြားမြို့နယ် သမင်ခြေရာကျေးရွာမှာ အမျိုးသားနှစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

မင်းပြားမြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲခံရမှုနဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သား ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews