- Web Master
- ၂၁ ဧပြီ ၂၀၂၄
ဂျွန်နသန်/ နိရဉ္စရာ၊ ဧပြီ ၁၉/ ၂၀၂၄
အစ္စရေးက
အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်
တာဝန်ရှိသူက CNN သတင်းဌာနကို ပြောကြားလိုက်သည်။
ယနေ့သောကြာနံနက်ပိုင်းတွင် အစ္စရေး ၏ ဒုံးကျည်တစ်စင်းသည် အီရန်ကို
ထိမှန်ခဲ့ကြောင်း အမေရိကန်အဆင့်မြင့်အရာရှိက ပြောကြားခဲ့ကြောင်းCNNက သတင်းဖော်ပြသည်။
အစ္စရေးသည်
အီရန်နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုတစ်ခု
ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိ တစ်ဦးက CNN သို့ ပြောကြားခဲ့ပြီး ယင်းသည် ဒေသတွင်း
ပဋိပက္ခကို ပိုမိုနက်ရှိုင်းစွာ တွန်းပို့မည့်
ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု
အီရန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားသည့်
အစီရင်ခံစာများနှင့် ပတ်သက်၍ CNN မှ မေးမြန်းသောအခါတွင် ၎င်းတို့တွင် “မှတ်ချက်တစ်စုံတစ်ရာပေးရန် မရှိသေး” ဟု ပြောကြားခဲ့သည်။
အီရန်၏
တိုက်လေယာဉ်များ တည်ရှိရာ အစ္စဖာဟန်ပြည်နယ်ရှိ
စစ်အခြေစိုက်စခန်းတစ်ခု အနီးတွင် ပေါက်ကွဲမှုအများအပြားကို
ကြားခဲ့ကြောင်း အီရန်အစိုးရ FARS သတင်းမှ ဖော်ပြချက်အရ သိရသည်။
အီရန်နိုင်ငံအလယ်ပိုင်း
အစ္စဖာဟန်ပြည်နယ်တွင် ကြီးမားသည့်လေတပ်စခန်းတစ်ခုရှိ
အီရန်၏
တိုက်ခိုက်မှုကိုလက် တုံ့ပြန်မည်ဖြစ်ကြောင်း
အစ္စရေးက ပြောကြားခဲ့ပြီးနောက် အီရန်က နိုင်ငံတွင်း အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားသည်။
အီရန်သည်
၄င်း၏ လေကြောင်းရန်ကာကွယ်ရေးများကို ပြည်နယ်အများအပြားတွင် စတင်အသုံးပြုနေပြီ ဖြစ်သည်။
ယခုလအစောပိုင်းက
ဆီးရီးယားရှိ ၎င်း၏သံရုံးဝင်းအတွင်း
အစ္စရေး၏တိုက်ခိုက်မှုဟု သံသယရှိသူအား
လက်တုံ့ပြန်သည့်အနေဖြင့်
အီရန်က အစ္စရေး ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်က အီရန်၏ မကြုံစဖူး
တိုက်ခိုက်မှုများအတွက် အစ္စရေးက လက်တုံ့ပြန်ရန် ရက်ပေါင်းများစွာ ချိန်ဆနေခဲ့ ရာမှာ
ယခုကဲ့သို့အစ္စရေးက လက်တုန့်ပြန်
Source: CNN and Photo: Sky News