အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

နော်ဝေ စာရေးဆရာ ဂျွန် ဖော့ဆီ ၂၀၂၃ စာပေဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 963

နော်ဝေ စာရေးဆရာ နှင့် ပြဇာတ်ရေးဆရာ ဂျွန် ဖော့ဆီ အား နိုဘယ်စာပေဆုရွေးချယ်ရေးကော်မတီက သူ၏ တီထွင်မှုရှိသော ပြဇာတ်များနှင့် အရေးအသားများကြောင့် ၂၀၂၃ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဗယ်ဆု ပေးအပ်လိုက်ကြောင်း အောက်တိုဘာ ၅ ရက်က ကြေညာလိုက်သည်။

ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်းကို ဆွီဒင်အကယ်ဒမီက ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

ဒိုင်းနမိုက်ကို တီထွင်ခဲ့သော ဆွီဒင်လူမျိုး တီထွင်သူ အဲလ်ဖရက် နိုဘယ်လ် ၏ ဆန္ဒအရ ၁၉၀၁ခုနှစ်မှ စ၍ စာပေ၊ သိပ္ပံ နှင့် ငြိမ်းချမ်းရေးဆိုင်ရာတို့တွင် လူသားတို့အတွက် အကျိုးကျေးဇူးပြုသူများကို နိုဘယ်ဆုများ နှစ်စဉ်ချီးမြှင့်လာခဲ့သည်။

စာပေဆိုင်ရာ နိုဘယ်ဆုသည် ငြိမ်းချမ်းရေး နိုဘယ်ဆုကဲ့သို့ပင် လူအများ စိတ်ဝင်စားခြင်းခံရပြီး နာမည်သိပ်မရှိသေးသူများကို ကမ္ဘာကျော်စေပြီး နာမည်ရှိပြီးထင်ရှားသော စာရေးဆရာများအတွက် စာအုပ်အရောင်းတက်စေခဲ့သည်။

စာပေနိုဘယ်ဆုကို ဝတ္ထုရေးဆရာများသာမက နောက်ပိုင်းတွင် ပြဇာတ်ရေးဆရာ၊ သမိုင်းရေးဆရာ၊ ဒဿနိကဆရာ၊ ကဗျာဆရာ နှင့် သီချင်းရေးဆရာအထိ ချီးမြှင့်ခဲ့သည်။

၂၀၁၆ စာပေနိုဘယ်ဆုကို သီချင်းရေးဆရာ နှင့် အဆိုတော် ဘော့ဒိုင်လန်က ရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်က စာပေနိုဘယ်ဆုကို ပြင်သစ်စာရေးဆရာမကြီး အန်နီ အာနော့ က ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ဖြင့် ဆွတ်ခူး ရရှိခဲ့သည်။

NN-27

ref:Reuters

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!