တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မေလ ၁ ရက် မှစတင်၌ အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်ရန် ထိုင်းအစိုးရက စီစဥ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 746

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၄/၂၀၂၄

၂၀၂၄ ခုနှစ် မေလ ၁ ရက် စပြီးအနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်ရန် ထိုင်းအစိုးရက စီစဥ်ထားကြောင်း အလုပ်သမားဝန်ကြီးကပြောကြားကြောင်း Thaiger သတင်းကဖော်ပြသည်။

 

 မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် မိတ်ဆက်ရန် သတ်မှတ်ထားသည့် အလုပ်အကိုင် အကျိုးခံစားခွင့် အသစ်များကို ထိုင်းအစိုးရကစီစဥ်ထားကြောင်း အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ယမန်နေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

 

ယင်းတို့အနက် အထင်ရှားဆုံးမှာ နိုင်ငံတဝှမ်း အနိမ့်ဆုံးလုပ်ခ ကို ဘတ် ၄၀၀ အထိ တိုးမြှင့်သတ်မှတ်ရန် အဆိုပြုချက် ဖြစ်သည်။

 

အနည်းဆုံး အခကြေးငွေ ဘတ် ၄၀၀ နှုန်းသစ် သည် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပါ၀င်သည့် သုံးပွင့်ဆိုင်လုပ်ခကော်မတီထံမှ မီးစိမ်းပြထားပြီးဖြစ်သည်။

 

 အနည်းဆုံး အခကြေးငွေ နှုန်းသစ်သည် အလုပ်သမားနေ့တွင် အပြီးသတ်ရန် အစိုးရက ရည်မှန်းထားပြီးယင်းသည် မျှော်လင့်မထားသော လက်ဆောင်တစ်ခုဖြစ်ကြောင်း Phiphat က ထုတ်ဖော်ပြောကြားခဲ့သည်။ Source/Thaiger

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!