အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

PSLF/TNLA အုပ်ချုပ်မှုအောက်တွင် ပုံမှန်လည်ပတ်နေသည့် မိုင်းငေါ့မြို့ မြင်ကွင်းများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 217

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၄

ပလောင်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် ပုံမှန်လည်ပတ်နေသည့် မိုင်းငေါ့မြို့ မြင်းကွင်းများအား ဧပြီလ ၉ ရက်တွင် ဖော်ထုတ်ပြခဲ့သည်။ 

မိုင်းငေါ့မြို့သည် ပလောင် နှင့် တအာင်းပြည်နယ်၊ PSLF/TNLA၏ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်ခရိုင်အတွင်း၌ ပါဝင်ပြီး ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု (၃)စုနှင့် ကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း (၂၀) ကျော်ခန့် ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မိုင်းငေါ့မြို့နယ်ကို PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် စစ်ကောင်စီထံမှ ရယူ သိမ်းပိုက်နိုင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လောင်းကစားမှု ကင်းစင်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့် ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် အကောင်အထည်ဖော် လျှက်ရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ပုံ-PSLF/TNLA


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!