ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

အမ်းကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်း AA သိမ်းပိုက်လိုက်ပြီဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

(စစ်ကောင်စီတပ်က အသေအပျောက်များပြီး ကစင့်ကလျားထွက်ပြေးကြရာမှ တိုက်ပွဲများ ဆက်ဖြစ်နေ)

 သဥ္ဇာနွယ်/ နိရဥ္စရာ၊ဧပြီ ၂၇/ ၂၀၂၄

 

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) သိမ်းပိုက်လိုက်ပြီဖြစ်ကာ ကစင့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံ ရှင်းလင်းနေရာမှ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု ဒေသခံများပြောဆိုသည်။

 

၎င်းစခန်းသည် စစ်ကောင်စီအင်အား ၆၀၀ ခန့်ရှိပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား ဗျူဟာမြောက် ကာကွယ်ထားသည့် အခိုင်အမာ တည်ဆောက်ထားသော ဗျူဟာကုန်းတစ်ခုဖြစ်သည်ဟု သိရသည်။

 

၎င်းဗျူဟာကုန်းအား စစ်ကောင်စီက လေကြောင်းမှ အင်အားသုံး ခုခံကာကွယ်နေသည့်ကြားမှ  အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီး စစ်သားများမှာ  ကစင့်ကလျားထွက်ပြေးနေ၍ တိုက်ပွဲများဆက်ဖြစ်နေသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

 

 တောင်ပေါ်မှာတော့ စစ်ကောင်စီတွေမရှိတော့ဘူး။ အေအေက နေရာယူထားကြပြီလို့ သိရပါတယ်။ တောင်ပေါ်က စစ်သားတွေက တောင်အောက်ကို ဆင်းပြေးသွားကြလို့ ထိတွေ့ တိုက်ပွဲတော့ ရှိနေသေးတယ်။ တောဟိန်းတောင်ဗျူဟာကုန်းမှာ စစ်သားအင်အား ၆၀၀ကျော်ရှိတယ်။ အသေအပျောက်တွေလည်း များတယ်ဟုပြောသည်။

 

အမ်းမြို့နှင့် ကဇုကိုင်းကျေးရွာကြားရှိ အုန်းနွယ်ချောင်းကျေးရွာတွင်လည် ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့ကလည်း နံနက် နာရီခန့်က ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ၄င်းကပြောသည်။

 

စခန်းကနေ စွန့်ခွာထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများနှင့် တောင်ခြေရင်းရှိ ကဇုကိုင်း၊ စွေ့ချောင်း၊ အုန်းတိုင်းချောင်းနှင့်ဆင်အုန်းတိုင် ကျေးရွာအနီးအနားတဝိုက်တွင် ယမန်နေ့ဧပြီ ၂၆ရက်နေ့အထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟုလည်း  ဒေသခံအမျိုးသမီးတစ်ဦးကလည်း  ပြောဆိုသည်။

 

တောင်ကုန်းပေါ်ကို တပ်တော်က အပိုင်ရထားပြီ။ တောင်အောက်ခြေမှာ တပ်တော်သားတွေက စစ်ကောင်စီတွေကို ဝိုင်းထားတယ်။ အဲ့ဒီတော့ စစ်သားတွေက တောင်ပေါ်ကဆင်းပြေးကြ ထွက်ပြေးကြတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေလို့ရှိနေတုန်းပါ ဟုပြောသည်။

 

ယင်းအပြင် ယမန်နေ့ နာရီခန့်ကလည်း အမ်းအခြေစိုက်တပ်ရင်းများဖြစ်သည့် တပ်ရင်းများနှင့် အာရက္ခတပ်တော်တို့အပြန်အလှန်ပစ်ခတ်သံများကိုလည်း  ကြားခဲ့ရကြောင်း အမ်းဒေသခံများက ပြောသည်။

 

ဒေသခံကျေးရွာသား တစ်ဦးက တောဟိန်းတောင်က ထွက်ပြေးလာတဲ့ စစ်သားတွေက ဟိုရွာနည်းနည်း ဒီရွာနည်းနည်းရှိနေကြတယ်။ ကျနော်သိရသလောက် အဲ့ဒီစစ်သားတွေနဲ့ပဲ အာရက္ခတပ်တော်ကို ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တာတွေ ရှိတယ်ဟုပြောသည်။

 

အမ်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှလေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် စစ်သားအင်အားဖြည့်တင်းမှုများ ပိုမိုပြုလုပ်လာနေသည့်အတွက် အမ်းမြို့ခံများက ပြောသည်။

 

ရက္ခိုင့်တပ်တော်သည် အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ဝိုင်းရံပိတ်ဆို့ထားပြီး နေ့ညမပြတ် လက်နက်ကြီးများ၊ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။

 

အမ်း မြို့ ဆက်သွယ်ရေးတပ်ထဲကို ပြီးခဲ့သည့် ဧပြီလ ရက်နေ့က အာရက္ခတပ်တော်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဗိုလ်အဆင့်ရှိသည့် အရာရှိတစ်ဦး သေဆုံးခဲ့ပြီး ယင်းနောက်ပိုင်းမှစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနနှင့် ဆက်သွယ်ရေးတပ်မှ စစ်တပ်မိသားစုများကို လေယာဉ်များဖြင့် နေပြည်တော်သို့ ပြောင်းရွေ့ကြပြီဟု သိရသည်။

 

အမ်းမြို့နယ်၊ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း AA ဘက်မှ သတင်းတစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေး၍ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။


(ဓာတ်ပုံ- ပုံဟောင်း)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!