ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်နယ်ခြားစောင့်တပ်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 694

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်တောင်ပိုင်းအင်းဒင်နယ်ခြားစောင့်စခန်းမှ ယနေ့ညနေက သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟုရရှိသည်။

မောင်တောမြို့နယ်တောင်ပိုင်းအင်ဒင်းနယ်ခြားစောင့်စခန်း() မှ ယနေ့ နိုဝင်ဘာ၁၀ရက် ညနေ၅နာရီခန့်က သေနတ်များ ပစ်ခတ်ခဲ့ပြီး ပစ်ခတ်သည့်အကြောင်းအရင်းကိုမသိရဟု  အင်ဒင်းဒေသခံအမျိုးသမီးတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" ကျမနွားကျောင်းပြီးအိမ်ပြန်လာတဲ့ချိန်ကပစ်ခတ်သံကြားတယ်။လေးငါးချက်လောက်။ပစ်ခတ်တဲ့အချိန်မှာကျမအိမ်ရောက်ခါနီးတော့အရမ်းကြီးတော့မစိုးရိမ်တော့ဘူး။အရင်ကလည်းခဏခဏပစ်တယ်။တောင်တွေကိုပစ်တာလား။ဘယ်ကိုပစ်တာလည်းမသိဘူး" ဟုပြောသည်။

အဆိုပါနယ်ခြားစောင့်တပ်အင်ဒင်းစခန်းမှယခုရက်ပိုင်းအတွင်းလက်နက်ပစ်ခတ်စမ်းသပ်မှုများမကြာခဏပြုလုပ်မှုရှိနေသည်ဟု အင်ဒင်းကျေးရွာမှအမျိုးသားတစ်ဦးကနိရဉ္စရာကိုပြောသည်။

" ဟိုမှာစမ်းဒီမှာစမ်းခုတလောအဲ့လိုပစ်ခတ်သံတွေကြားနေရတယ်။တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ လူထုစိုးရိမ်ထိတ်လန့်အောင် လုပ်နေတာနဲ့တူတယ် " ဟုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ရက်နေ့ ညနေ၆နာရီကလည်းမောင်တောမြို့ မြို့မအနောက်ရပ်ကွက်တွင် အမှတ်()နယ်စပ် အဝင်/အထွက် စခန်း (POE) စခန်းအနီးအနားတွင်‌ သေနတ် ပစ်ခတ်မှုများ  ဖြစ်ပွားခဲ့သည်ဟု သိရသည်။(NN-11)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!