တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက ပယ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၈/၂၀၂၄

ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက ယနေ့တွင် ပယ်ချလိုက်သည်။

ဟွန်ဆန်သည် ယမန်နေ့က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အွန်လိုင်းမှ တဆင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သည်။

"တောင်းဆိုမှုကို သတိပြုမိပါတယ်။ လတ်တလောမှာတော့  ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမျိုး  မရှိသေးပါဘူး"ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

"ကျနော်တို့အ ကောင် အထည်ဖော်ဆောင်နေ တဲ့ လုပ်ငန်းစဥ်တွေကို နှောင့်နှေးသွားစေတာမျိုးကိုတော့ ရှောင်ရှားသွားမှာဖြစ်ပါတယ် "ဟု ၄င်းက ပြောသည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ပြောကြားချက်ကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အသံဖိုင်ဖြင့် ယနေ့ တွင်သတင်းထုတ်ပြန်ခဲ့သည်။

"ကျနော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ထားပြီးဖြစ်ပါ တယ်။ ရှေ့လုပ်ငန်းစဉ်တွေ ကို နှောင့်နှေးစေနိုင်မယ့် ရှေ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်ကို ရှောင်ရှားသွားမှာဖြစ်ပါတယ်"ဟု၄င်းကပြောဆိုသည်။

ရွေးကောက်ပွဲကိုလည်း မပျက်မကွက် ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

"ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကို မပျက်မကွက်ကျင်းပ သွားမှာဖြစ်ပါ တယ်" ဟု ၄င်းကပြောဆိုသည်။

 

Source/The Straits Times

ဆက်စပ် သတင်းများ