ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

၂၀၂၃ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ပြင်သစ် ပညာရှင် သုံးဦးရရှိ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 964

၂၀၂၃ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ပြင်သစ်နိုင်ငံမှပညာရှင် ၃ ဦးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆုကို ပြင်သစ်လူမျိုး ရူပဗေဒပညာရှင်များဖြစ်သည့် Pierre Agostini ၊ Anne L'Huillier နှင့် ဩစတြီးယန်း ဟန်ဂရီ လူမျိုးဖြစ်သည့် Ferenc Krausz တို့ကို ပူးတွဲချီးမြှင့်လိုက်ကြောင်း အောက်တိုဘာ ၃ ရက်၊ ညနေ ၄ နာရီခွဲတွင် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

သူတို့ ၃ ဦးသည် Attoseconds ဟုခေါ်သည့် အလွန်သေးငယ်သော အချိန်ယူနစ် တစ်ခု နှင့်ပတ်သက်သည့် စမ်းသပ်ချက်များကို လုပ်ဆောင်ခဲ့သောကြောင့် ဆုချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။

"မြင်သာအောင်ပြောရရင် တစက္ကန့် ဆိုတာ ကျွန်တော်တို့ စကြဝဠာကြီးရဲ့ သက်တမ်းဆိုရင် Attosecond ဆိုတာ အဲသက်တမ်းရဲ့ တစ်ပုံသာ ဖြစ်ပါတယ်။ ဒီ ပညာရှင် ၃ ဦးတို့ဟာ Attoseconds ပမာဏပဲ ကြာချိန်ရှိတဲ့ အလင်းကို အသုံးပြုကာ ဒြပ်ထုထဲမှာ ပါဝင် တဲ့ အက်တမ်တွေ၊ မော်လီကျူးတွေထဲက အီလက်ထရွန် (Electron) ရဲ့ လှုပ်ရှားမှုတွေ ကို ရုပ်ပုံရိုက်ယူကာ လေ့လာနိုင်ခဲ့ကြပါတယ်။ ဒီ Attosecond အလင်း ကိုအသုံးပြုပြီး ကျွန်တော်တို့ အသုံးပြုနေတဲ့ ပစ္စည်းတွေ ရဲ့ ဒြပ်မှာ ပါဝင်တဲ့ အက်တမ်တွေ မော်လီကျူးတွေကို သေချာလေ့လာနိုင်လာနိုင်ပြီး ယနေ့ ကမ္ဘာမှာ အသုံးပြုနေတဲ့ အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ဆေးပညာဆိုင် ရာလေ့လာမှုတွေကို များစွာ အထောက်အကူဖြစ်စေပါတယ်" ဟု မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအသင်း(Myanmar Astronomy and Science Enthusiasts Society-MASES)က ဆိုထားသည်။

အဆိုပါ ဆုရရှိသူ ပညာရှင် ၃ ဦးသည် ရူပဗေဒဆိုင်ရာနိုဘယ်ဆုအတွက် ဆုငွေ ဒေါ်လာ ၁ သန်းခန့်ကို အညီအမျှရရှိကြမည်ဖြစ်သည်။ (NN-11) 

Photo - Nobel Prize

 

 ပုံစာ (ဝဲမှယာ) scientists Anne L'Huillier, Ferenc Krausz and Pierre Agostini (AP/AFP)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!