တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

တောင်ကိုးရီးယား အတိုက်အခံပါတီခေါင်းဆောင် လီဂျေမြန်း သတင်းစာရှင်းလင်းပွဲတွင် ဓါးထိုးခံရ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 631

တောင်ကိုးရီးယား အတိုက်အခံပါတီခေါင်းဆောင် လီဂျေမြန်းသည် အင်္ဂါနေ့မနက်ပိုင်းက ဘူဆန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် ဓါးဖြင့်ထိုးခံရကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။

လီဂျေမြန်းသည် ၂၀၂၂ခုနှစ် တောင်ကိုးရီးယားသမ္မတရွေးကောက်ပွဲတွင် ပွတ်ခါသီခါ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

သူ၏ လည်ပင်း ဝဲဘက်တွင် ဓါးဖြင့်ထိုးခံရခြင်းဖြစ်ပြီး ဓါးဖြင့်ထိုးသူကို နေရာတွင်ပင် ဖမ်းဆီးရမိခဲ့သည်။

ဓါးဖြင့်အထိုးခံရပြီး မိနစ် ၂၀အကြာတွင် လီဂျေမြန်းအား ဆေးရုံသို့တင်ပို့နိုင်ခဲ့ပြီး သတိကောင်းစွာရရှိသည်ဟု ယွန်ဟပ်သတင်းက ရေးသားသည်။

ဓါးဖြင့်ထိုးသူမှာ အသက် ငါးဆယ်၊ ခြောက်ဆယ်ဝန်းကျင်ခန့်ရှိပြီး လူအုပ်အတွင်း ဝင်ရောက်ကာ အော်တိုလက်မှတ် ရေးခိုင်းမည်ဟု ပြောဆိုပြီး လီဂျေမြန်အနီးသို့အရောက်တွက် ရုတ်တရက် ဓါးဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။

လီဂျေမြန်း(၅၉နှစ်)သည် တောင်ကိုးရီးယား ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် လွှတ်တော်အမတ် မဟုတ်သေးဘဲ လာမည့် ၂၀၂၄ ဧပြီတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တောင်ကိုးရီးယားသမ္မတရွေးကောက်ပွဲတွင် လီဂျေမြန်းသည် လက်ရှိသမ္မတ ယွန် ဆွတ်ယိုးလ်ကို မဲအရေအတွက် ၀.၇၅% ဖြင့် ပွတ်ခါသီခါ အရေးနိမ့်ခဲ့သည်။

 NN-27

Ref:BBCWorld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!