စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့မရဲစခန်းမှူးနှင့် ရဲအုပ်တို့လက်နက်များနှင့်အတူ သက်သေခံ ရွှေကျပ် ၁၀၈ ကျပ်နှင့် အခြားပစ္စည်းများယူဆောင်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 3.9k

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၄ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့မရဲစခန်းမှူးနှင့် ရဲအုပ်တို့သည် လက်နက်များနှင့်အတူ သက်သေခံ ရွှေကျပ် ၁၀၈ ကျပ်နှင့် အခြားပစ္စည်းများယူဆောင်ပြီး မေလ ၃ ရက်နေ့ က ထွက်ပြေးသွားကြောင်း မောင်တော ရဲတပ်ဖွဲဝင်များထံမှ သိရသည်။

 

" မောင်တောရဲစခန်းမှူးနဲ့ ရဲအုပ် တစ်ဦးကသက်သေခံ ရွှေကျပ် ၁၀၈ ကျပ် နှင့်အခြား ပစ္စည်းများ ယူဆောင်ပြီး မနေ့က ညနေပိုင်းမှာ လက်နက်တွေနဲ့အတူ ထွက်ပြေးသွားကြတာ။ သူတို နှစ်ဦးလုံးက ရသေ့တောင်နယ်သားတွေလို့သိရတယ်"ဟု ြောကြားသည်။

 

မေင်တောမြို့မရဲစခန်းမှ လက်နက်များ နှင့်အတူ သက်သေခံ ရွှေကျပ် ၁၀၈ ကျပ်နှင့် အခြား ပစ္စည်းများ ယူဆောင်ပြီး ထွက်ပြေးသွားသူ စခန်းမှူး မှာ ဒုရဲမှူးထွန်းလှိုင် နှင့် ရဲအုပ် အောင်ကျော်မိုးတို့ ဖြစ်ကြောင်း ရဲသတင်းများအရသိရသည်။

 

မောင်တောခရိုင်ရဲတပ်ဖွဲနှင့် မြို့မရဲစခန်းတို့ မှ နုတ်ထွက်၊ထွက်ပြေးသူ ၁၀၀ ခန့်အထိရှိလာနေကြောင်း ရဲ အသိုင်းအဝန်မှသိရသည်။

 

ထိုသို့လက်နက် ဖြင့်ဖြစ်စေလက်နက် မဲ့ဖြစ်စေ နုတ်ထွက်စာတင်ပြီးဖြစ်စေ ထွက်ပြေးသွားသူ အားလုံးအာ နိုင်ငံတော်ပုန်ကန်မူပုဒ်မ(၅၀၅) ဖြင့်ထိုမောင်တောမြို့မရဲစခန်း၌ အမူဖွင့်လှစ်ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!