တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ဟူသီသူပုန်များ ပစ်ခတ်လိုက်သည့် ဒုံးကျည်ထိမှန်ပြီး အေဒင်ပင်လယ်ကွေ့တွင် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ဗြိတိသျှမှတ်ပုံတင် ကုန်တင်သင်္ဘောကြီးတစ်စီး ဟူသီသူပုန်တို့​၏ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီးနောက် မတ်လ ၂ ရက်နေ့က အေဒင်ပင်လယ်ကွေ့တွင် နစ်မြုပ်သွားကြောင်း ယီမင်ယာယီအစိုးရက ကြေညာခဲ့သည်။

ဓါတ်မြေဩဇာအိတ်များ တင်ဆောင်လာသည့် အဆိုပါကုန်တင်သင်္ဘောသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် အေဒင်ပင်လယ်ကွေ့တွင် ရက်အတန်ကြာ မျောနေခဲ့ပြီး နောက်ဆုံးတွင် နစ်မြုပ်သွားခြင်းဖြစ်သည်။

အီရန်က ထောက်ခံအားပေးနေသည့် ယီမင်မြောက်ပိုင်းရှိ ဟူသီသူပုန်များသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာနေသည့် ကုန်တင်င်္ဘောများကို ပစ်မှတ်ထား၍ တိုက်ခိုက်လျှက်ရှိသည်။

ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခံရစဉ် အဆိုပါကုန်တင်င်္ဘောသည် အေဒင်ပင်လယ်တွင် ရှိနေကြောင်း၊ သင်္ဘောတွင်းသို့ ရေများဝင်လာပြီးနောက် လွန်ခဲ့သည့်ဆယ်ရက်က သင်္ဘောဝန်ထမ်း ၂၄ ဦးကို ကယ်တင်ခဲ့ကြောင်း ဗြိတိသျှအစိုးရက ပြောကြားသည်။

အမိုးနီးယားနိုက်ထရိတ် ဓါတ်မြေဩဇာကုန်ကြမ်းများပါဝင်သည့် ကုန်တင်သင်္ဘောနစ်မြုပ်မှုကြောင့် အေဒင်ပင်လယ်ကွေ့တွင် မကြုံစဖူး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု ယီမင်ယာယီအစိုးရဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ NN-27/ ref:Reuters

ဆက်စပ် သတင်းများ