ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

NCA လက်မှတ်​ရေးထိုးထား​သော ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ် (PNLO) က စစ်​ကောင်စီကို တိုက်ခိုက်မည်ဖြစ်​ကြောင်းကြေညာ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 801

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်​ရေးထိုးထား​သော ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ် (PNLO) က စစ်​ကောင်စီကို တိုက်ခိုက်မည်ဖြစ်​ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

NCA လက်မှတ်ရေးထိုးခဲ့ချိန်မှ လက်ရှိ အချိန်အထိ ရှစ်နှစ်ကြာ NCA စာချုပ်ကို မချိုးဖောက်ဘဲ ရပ်တည်ခဲ့သော်လည်း အာမခံချက်ရှိသည့်  နိုင်ငံရေးရလာဒ် မရခဲ့ဟု (PNLO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


ယခုဖြစ်ပေါ်လျှက်ရှိသည့် စစ်ရေး ပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လည်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊ တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားနေသော  ပဋိပက္ခသာဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင်းတနေသော ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနှောင်မဟာမိတ်များနှင့် အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်းလည်း PNLO ကတိပြုထားသည်။



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!