ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အိန္ဒိယ- မြန်မာနယ်စပ်လုံခြုံရေးအစီအမံများနှင့် နယ်စပ်ခြံစည်းရိုးကာရန်မှု ဝန်ကြီးချုပ်မိုဒီကထုတ်ဖော်ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 554

(မြန်မာနိုင်ငံကိုလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့အခြေအနေဆီအမြန်ဆုံး ပြန်ရောက်စေချင်ကြောင်းပြော)  

 

ကျော်သာမြ/ နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၄

 
အိန္ဒိယအစိုးရသည် မြန်မာနှင့် ထိစပ်နေသော နယ်နိမိတ်များကို ကာကွယ်ရန်နှင့် လုံခြုံမှုရှိစေရန် အဆင့်များစွာကိုအကောင်အထည်ဖော်ဆောင်လျက်ရှိ ကြောင်း မြန်မာ နိုင်ငံကိုလည်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့ အခြေအနေဆီ အမြန်ဆုံး ပြန်ရောက်စေချင်ကြောင်း ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြောကြားသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့် ထိရပ်နေသော နယ်နိမိတ်များကို ကာကွယ်ရန်နှင့် လုံခြုံမှုရှိစေရန် အဆင့်များစွာကိုအကောင်အထည်ဖော်ဆောင်လျက်ရှိ ကြောင်း ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်တဲ့ အခြေအနေဆီအမြန်ဆုံး ပြန်ရောက် စေချင်ပါတယ်။ ဒါမှလည်း သူတို့တွေ (မြန်မာဒုက္ခသည်များ)ဟာ ငြိမ်းချမ်းစွာနဲ့ သူတို့ နေရပ်တွေဆီ အမြန်ဆုံး ပြန်နိုင်ကြမှာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ် မိုဒီက ထပ်လောင်း ပြောကြားခဲ့သည်။

"အိန္ဒိယအစိုးရအနေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် နေရာလပ်တွေမှာ ခြံစည်းရိုး ကာရံတဲ့ အလုပ်တွေကို စတင်လုပ်ဆောင် နေပါ ပြီ" ဟု ဝန်ကြီးချုပ်က Assam Tribune နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ထိရပ်နေသည့် အိန္ဒိယနယ်စပ်များ လုံခြုံစေရန်၊(မြန်မာနိုင်ငံဖက်မှ) နယ်စပ်ဖြတ်ကျော် စိမ့်ဝင်လာမှုများကို တားဆီးကာကွယ်ရန်အတွက်  အိန္ဒိယ အစိုးရအနေဖြင့်  ဆောင်ရွက်နေသည့်လုပ်ဆောင်မှု အဆင့်များကို မိုဒီက ထုတ်ဖော်ပြောကြားခဲ့သည်။


အိန္ဒိယနှင့် မြန်မာကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုများကိုရပ်ဆိုင်းခဲ့ခြင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်တွင် နယ်ခြားစောင့်တပ်များ တိုးမြှင့်ချထားခြင်း၊ လုံခြုံရေး အဖွဲ့အစည်းများအကြားနီးကပ်စွာပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ဖြစ်နိုင်ချေရှိသော နေရာများတွင် ခြံစည်းရိုးများ ကာရံခြင်း စသည့်အိန္ဒိယအစိုးရအနေဖြင့်  ဆောင်ရွက်နေသည့်လုပ်ဆောင်မှု အဆင့်များကို မိုဒီက ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ပြည်နယ် လေးခုဖြစ်သည့် မီဇိုရမ်၊ မဏိပူရ၊ နာဂလန်းနှင့် အရူနာချယ်ပရာဒက်ရှ် တို့သည် မြန်မာနိုင်ငံနှင့် အရှည် ၁၆၄၃ ကီလိုမီတာ နယ်နမိတ် ထိစပ်သည်။

 

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ကီလိုမီတာ ၅၁၀ ထိစပ်နေသည်။
ကိုးကား/The First Post

 Photo: Down to Earth

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!