ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ စစ်ဗျူဟာအမှတ် (၇)က အခြခံစစ်သင်တန်းအပတ်စဉ် (၁) သင်တန်းဆင်းပွဲပြုလုပ်( ဓာတ်ပုံ သတင်း)
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ မေ ၂ / ၂၀၂၄
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ဗျူဟာအမှတ်(၇) က ပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၇)က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် (၁) မှာ သင်တန်းသား ၊သင်တန်းသူ (၅၀၀)ကျော် သင်တန်းတတ်ရောက် အောင်မြင်ခဲ့ပြီး အသစ်ထပ်မံဖွဲ့စည်းထားတဲ့ KNDF စစ်ဗျူဟာ (၇) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေထဲမှာ ကဏ္ဍအသီးသီးက တာဝန်ထမ်းဆောင်ကြတော့မယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲ အခမ်းနားသို့ ဒေသခံပြည်သူများ၊ ကရင်နီတပ်မတော်မှ တာဝန်ရှိသူများ ၊ KNDF ၏တာဝန်ရှိသူများ နှင့်တပ်ဖွဲ့ဝင်များ ၊ မိတ်ဖက် အဖွဲ့အစည်းများ နှင့် ဧည့်သည်တော်များတတ်ရောက်ခဲ့ကြကြောင်းသိရသည်။
ဓာတ်ပုံ- KNDF