တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း စစ်ကောင်စီ၏စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

“ စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်းမြို့ပတ်ဝန်းကျင်တွင် AAနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေဟုဖော်ပြ”

ရခိုင်ပြည်နယ်တွင် လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ဟု ညီနောင် ၃ ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်၊ ည (၇:၃၀) အချိန်တွင် ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရက္ခိုင်ဒေသအတွင်း၌ လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း ရန်သူ့စစ်ရေး လှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ကို တွေ့ရှိနေရကြောင်း၊  ရက္ခိုင့်တပ်တော် (AA) သည် ညီနောင်မဟာမိတ်များနှင့် မဟာမိတ်နယ်မြေများရှိ ရက္ခိုင့်တပ်တော် စစ်ကြောင်း လှုပ်ရှားရာ နယ်မြေများတွင် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိသလို စစ်ကိုင်းတိုင်းအတွင်းရှိ ထီးချိုင့်၊ ကောလင်းမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် မိမိတို့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ နိုင်ငံရေးရည်မှန်းချက်များကို တော်လှန်ရေးညီအစ်ကို မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် အတူတကွ လက်တွဲဖော်ဆောင်လျက်ရှိရာ ၁၀၂၇ စစ်ဆင်ရေးသည်လည်း တစ်နေ့ထက်တစ်နေ့ အရှိန်မြင့်လာလျက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!