တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် သေနတ်သံ လေးငါးချက်ခန့် ထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 869

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် ယနေ့ ညနေက သေနတ်ပစ်ခတ်မှု တစ်ခုဖြစ်ပွားပြီး သေနတ်သံ လေးငါးချက်ခန့် ကြားခဲ့ရသည်ဟု  ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

မောင်တော၊ မြို့မအနောက်ရပ်ကွက်ရှိ ဘုတ်ဆိတ်တွင် ယနေ့ (နိုဝင်ဘာ ၆ရက်)  ညနေ ၆ နာရီခွဲခန့်က သေနတ်ငါးချက်ခန့်ကြားခဲ့ရသည်ဟု ဆိုသည်။

" သေနတ်လေးငါးချက်လောက်ပစ်တယ်။ ဘယ်သူ့ကိုပစ်လဲမသိဘူး။ မောင်တောဘုတ်ဆိပ်နားမှာ "ဟုပြောသည်။ ‌

ယင်းအနီးတစ်ဝိုက်တွင် စစ်ကား၂စီး၊ ရဲကား၁စီးနှင့် နယ်ခြားစောင့်ကား ၁စီးတွေ့ခဲ့ရသည်ဟု နောက်ထပ်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" စစ်သားအယောက်သုံးဆယ်ခန်ဲ့နဲ့ ရဲသား ရှစ်ယောက်လောက်တွေ့ခဲ့တယ်။ ဘာကိုပစ်တာလဲမသိဘူး။ တိုင်းပြည် အခြေအနေ မကောင်းတော့ ဒီလိုပစ်သံတွေကြားရတော့ ထိတ်လန့်နေရတယ် " ဟုပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။

လက်ရှိ သေနတ်ပစ်ခတ်သည့် အကြောင်းအရင်းကို မသိရသေးပါ။ စုံစမ်းနေဆဲဖြစ်ပါသည်။  ( NN-11)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!