တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆက်လက်တိုက်ပွဲပြင်းထန်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

လက်နက်ကြီးကျည်ကျ၍ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ် မြန်ဘက်ခြမ်း တောင်ပြိုမြို့အနီးတွင် ယနေ့ နံနက် ၁၀ နာရီခွဲက စတင်ပြီး သေနတ်ပစ်ခတ်သံများကို ဆက်လက်ကြားရသည်ဟု ဘင်္ဂလာမီဒီယာများက သတင်း ဆက်လက်ဖော်ပြသည်။

မြန်မာစစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးက ရက္ခိုင့်တပ်တော်( AA) သိမ်းပိုက်ထားသော စခန်းများကို လာရောက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ပုံရသည်ဟု ဒေသခံများက ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ကစပြီး အမြောက်ပစ်ခတ်သံများကိုစတင်ကြားရပြီး ဘင်္ဂလာနိုင်ငံဘက်ခြမ်း ဒေသအတွင်းက လူများသည် နေအိမ်များကနေ ထွက်ခွာ သွားကြကြောင်း၊  ခေါင်းတုံးနယ်စပ်မှ ကျေးရွာ ၃ ရွာမှသည် လက်နက်ကြီးများ ပစ်ခတ်သံများကြောင့် ကြောက်ရွံ့၍ နေအိမ်များကို စွန့်ခွာ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

မြန်မာဘက်က လက်နက်ကြီးကျည်တစ်လုံးသည် ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံးတိုက်နယ်  Jalpaitli ကျေးရွာ၏ နေအိမ် မီးဖိုချောင်းထဲ ကျရောက်ပေါက်ကွဲ၍ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ခြားသေဆုံးသူ တစ်ဦးမှာ မြန်မာနိုင်ငံက ဘာလုခါလီ ဒုက္ခသည် စခန်းမှ အမျိုးသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူအမျိုးသမီးမှာ Hosne Ara (၅၅)နှစ်၊ Badsha Mia ဇနီးဖြစ်ပြီး သေဆုံးသွားသူ ဒုက္ခသည်မှာ Nabi Hossain (၆၅) နှစ်ဖြစ်သည်ဟု ပြော်ထောင့်အာလောင် သတင်းစာတွင် ဖော်ပြသည်။

၎င်းပြင် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ကလးငယ် ၃ ဦးနှင့်အတူ လင်မယား နှစ်ဦးပါ မိသားစုတစ်စုအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးလိုက်သည်ဟု သိရသည်။ 

နယ်စပ်ဒေသ တိုက်ပွဲအခြေအနေများကြောင့် ဘင်္ဂလာဒေ့ရှ်နယ်စပ်တစ်လျှောက် တပ်လှန့်ထားပြီး လုံခြုံရေး တိုးမြင့်ထားကြောင်း တက်ကနက် အမှတ် (၂) နယ်ခြားစောင့်တပ်ရင်းမှူး ဗိုလ်မှူကြီး Md. Mohiuddin Ahmed က ပြောဆိုသည်။

(Photo: Ukhiya News)

ဆက်စပ် သတင်းများ