စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

AA ထိုးစစ်ကို ကြောက်၍ ခမရ ၃၇၂နှင့် ထောက်ပို့တပ်ရှိမိသားစုဝင်များအားလုံး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တပ်ဆုတ်ခွာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6.1k

နပခ အခြေစိုက် အမ်းတိုက်ပွဲနောက်ဆက်တွဲသတင်း


သဉ္ဇာနွယ်/ နိရဉ္စရာ၊ မတ် ၂၈/၂၀၂၄

 

အမ်းအခြေစိုက် ခမရ (၃၇၂)နှင့် ထောက်ပို့တပ်ရှိမိသားစုဝင်များအားလုံးသည် မတ်လ ၂၇ ရက်နေ့က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တပ်ဆုတ်ပြီး ပူးပေါင်းသွားခဲ့သည်ဟု အမ်းဒေသခံလူမှုရေး လှုပ်ရှားသူ တစ်ဦးက နိရဉ္စရာကိုပြောသည်။

" မနေ့က ညနေပိုင်းလောက်မှာ ခမရ ၃၇၂ နဲ့ ထောက်ပို့တပ်ကစစ်သားနဲ့တပ်မိသားစုတွေအကုန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆုတ်သွားကြပြီ။ တစ်ယောက်မှမကျန်တော့ဘူး။ နပခကို သွားတဲ့လမ်းမှာ ချောင်းတံတား‌ လေးတစ်ခုရှိတယ်။ အဲ့ဒီတံတားကိုလည်း ဖျက်ဆီးသွားကြတယ် " ဟုပြောသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်လာမည်ကို ကြောက်၍ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များ တပ်ဆုပ် ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု ၎င်းက သည်။

အမ်းမြို့တွင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ညနေပိုင်းထိ ပြောင်သေရွာနှင့် ငလက်ကျဖက်တို့ တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု အမ်းဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" မနေ့ကဆိုရင် မနက်ရော နေ့လယ်ရော ညပိုင်းရော တိုက်ပွဲပြင်းထန်ခဲ့တာ။  ပြောင်သေ ၊ အမ်းတစ်ဖက်ကမ်းက ငလက်ကျရော၊  လောင်းကျရော ဖြစ်ခဲ့တာ" ဟုပြောသည်။

ယမန်နေ့ မတ်လ ၂၇ ရက်နေ့ညဉ့် ၁၂နာရီအထိ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများကို  ပြင်းပြင်းထန်ထန်ကျယ်လောင်စွာကြားခဲ့ရကြောင်း အမ်းဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" မနေ့ညက ညဉ့်နက်အချိန်မှာ  ၃၇၂ ဖက်ကထင်တယ်။ ဘယ်နေရာလဲအတိကျမသိဘူး။ လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်သံတွေအကျယ်ကြီးကြားရတယ်။ ဒီနေ့မနက် ၈နာရီထိတော့ လက်နက်အသံ‌တွေမကြားရသေးဘူး" ဟုပြောသည်။

တမိုင်ကုန်းရှိ တွင်ရှိသည့် စစ်ကောင်စီများမှ ပစ်ခတ်လိုက်သည့်  လက်နက်ကြီးကျည်များသည် ခရမ်းကျွန်းရွာနှင့် ထင်းချောင်းကျေးရွာများဖက်သို့ ကျရောက်ခဲ့ကြောင်းသိရသည်။

အမ်းမြို့တွင်  ခမရ(၃၇၁) ၊ ခမရ (၃၇၂)နှင့် ခမရ (၃၇၃)စသည့် အခြေစိုက်ထားပြီး တပ်များကို စုထားကြကြောင်းဒေသခံများကပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးသို့ တိုက်ပွဲပြင်းထန်လာသဖြင့် မြို့‌ ပေါ်က ပြည်သူတချို့နှင့် အနီးတဝိုက်‌မှ ကျေးရွာများတချို့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောက်နေရကြောင်းသိရသည်။ 



ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!