တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ကန် နိုင်ငံခြားရေးဝန်ကြီး ရှန်ဟိုင်းသို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 412

(အမေရိကန်ကုမ္ပဏီများအား တရားမျှတစွာဆက်ဆံရန် တရုတ်နိုင်ငံအား တောင်းဆို)

 ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၅/၂၀၂၄

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် သည် တရုတ်နိုင်ငံ ခရီးစဥ်ကိုစတင်လိုက်ပြီး တရုတ်နိုင်ငံတွင် အမေရိကန်ကုမ္ပဏီများအား တရားမျှတစွာဆက်ဆံရန် ဘလင်ကန် က ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

 

ဘလင်ကန် သည် ယနေ့တွင် ရှန်ဟိုင်းသို့ရောက်ရှိလာပြီးရှန်ဟိုင်းပါတီအတွင်းရေးမှူး Chen Jining နှင့် တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းကဖော်ပြသည်။

 

၄င်း၏တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်ကို စတင်လိုက်စဉ် တရုတ်နိုင်ငံတွင် အမေရိကန်စီးပွားရေး လုပ်ငန်းများအတွက် တရားမျှတသည့်စျေးကွက်တစ်ခုပေးရန် တရုတ်နိုင်ငံအားယနေ့ နေ့တွင် တောင်းဆိုလိုက်သည်။

 

ဘလင်ကန်သည် မနက်ဖြန် (ဧပြီ ၂၆ ရက်)တွင်ဘေဂျင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi နှင့် သမ္မတ Xi Jinping တို့နှင့် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

 

Source/ရိုက်တာ

ဆက်စပ် သတင်းများ