တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

UNHCR မဟာမင်းကြီး Filippo Grandi ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

နိရဉ္စရာ၊ မေ ၂၁/၂၀၂၂ (နိုင်ငံတကာ)

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Filippo Grandi သည် ငါးရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ယနေ့ မေ ၂၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် က္ကာသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။  

ငါးရက်တာတရားဝင်ခရီးစဉ်အတွင်းသူသည်ဘာဆန်ချာကျွန်း နှင့်ကော့စ်ဘဇားသို့ သွားရောက်ရန်စီစဉ်ထားပြီး င်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ မူဆလင်  ဒုက္ခသည်များ၏ လိုအပ်ချက်များကို ဆွေးနွေးသွားမည်ဟု သတင်းများတွင် ဖော်ပြသည်။

၎င်းသည် ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် စီစဉ်ထားသည်ဟုဆိုသည်။  

၎င်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးပေးသည့် အဓိကအလှူရှင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံသည့်အခါ ရေရှည်တည်တံ့သော နိုင်ငံတကာ ပံ့ပိုးကူညီမှုများ လိုအပ်ကြောင်း မီးမောင်းထိုးပြမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက စနေနေ့တွင် ပြောကြားခဲ့ကြောင်း  Dhaka Tribune က သတင်းဖော်ပြသည်။

ဒုက္ခသည် စခန်းများနှင့် ဘာဆန်ချာခရီးစဉ်အတွင်း Grandi သည် ဒုက္ခသည်များနှင့် ၎င်းတို့၏ အနာဂတ်အတွက် လိုအပ်ချက်များ၊ စိန်ခေါ်မှုများနှင့် မျှော်လင့်ချက်များကို ဆွေးနွေးမည်ဖြစ်သည်။

UNHCR မဟာမင်းကြီးနှင့်အတူ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Indrika Ratwatte နှင့် မဟာမင်းကြီး၏ အကြီးတန်းအကြံပေး Herve de Villeroche တို့လည်း သူနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာခဲ့သည်။

Grandi သည် ၂၀၁၉ ခုနှစ် မတ်လတွင် ဘင်္ဂလားဒေ့ရှ်သို့ နောက်ဆုံးသွားရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ