တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၂ ဦး ဘင်္ဂလာနိုင်ငံထဲ ထပ်မံဝင်ရောက်ခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ မေလ ၆/ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ၁၃၂ ဦးသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲသို့ ထပ်မံထွက်ပြေး ခိုလှုံလာကြသည်ဟု Dhaka Tribune က သတင်းဖော်ပြသည်။

၎င်းတို့သည် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသောတိုက်ပွဲကြားမှ ထွက်ပြေးခိုလှုံလာကြသူများ ဖြစ်ကြသည်ဟု ဖော်ပြသည်။

၎င်းတို့ အထဲမှ ၈၈ ဦးသည် တနင်္ဂနွေနေ့ နံနက်ပိုင်းကလည်ကောင်း၊ ၄၄ ဦးသည် စနေနေ့ ကလည်းကောင်း၊ နေရာအများအပြားကနေ နတ်မြစ်ကို ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လက်နက်ချခဲ့ကြသည်ဟု ဆိုသည်။

ဒေသအတွင်းရှိ ထောက်လှမ်းရေးဌာနများပြောကြားချက်အရ ၎င်းတို့၏ အသက်ဘေးနှင့် ခိုလှုံရန်အတွက်  နတ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်က ဝင်လာခဲ့သူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၁၈ ဦးကိုလည်း မြန်မာဘက်သို့ ဘင်္ဂလားဒေ့ရှ်က ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

အာရက္ခတပ်တော်သည် မောင်တောမြို့မြို့မှ မိုင်အနည်းငယ်သာဝေးသည် ကျီးကန်းပြင် နယ်ခြားစောင့်ဌာနချုပ်၊ လှဖိုးခေါင် အမှတ် (၁၀) နယ်ခြားစောင့်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု သိရသည်။

ယခုနယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် အဆိုပါ စခန်းများက ထွက်ပြေးလာကြသူများဖြစ်နိုင်သည်ဟု ဆိုသည်။

ဓာတ်ပုံ- မေလ ၅ ရက်နေ့က ထွက်ပြေးခိုလှုံလာကြည့် နယ်ခြားစောင့်များ (Ref and photo: Dhaka Tribune)

 

ဆက်စပ် သတင်းများ